မြန်​မာနိုင်​ငံမှ H1N1ပိုးအား ဂျပန်​နိုင်​ငံရှိ ဓာတ်​ခွဲခန်​း၌ စစ်​​ဆေးရာ ပုံမှန်​ရာသီတုပ်ကွေးဖြစ်​​ကြောင်​း​တွေ့

မြန်​မာနိုင်​ငံမှ H1N1ပိုးအား ဂျပန်​နိုင်​ငံရှိ ဓာတ်​ခွဲခန်​း၌ စစ်​​ဆေးရာ ပုံမှန်​ရာသီတုပ်ကွေးဖြစ်​​ကြောင်​း​တွေ့
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်​ကုန်​၊ သြဂုတ်​ ၅ ။                   ။ ရာသီတုပ်ကွေးရောဂါပိုး Seasonal Influenza A(H1N1) အား ဂျပန်နိုင်ငံရှိ National Institute of Infectious Disease ဓါတ်ခွဲခန်းသို့ သယ်​ယူစစ်​​ဆေးရာ ပုံမှန်​ရာသီတုပ်ကွေးဖြစ်​​သည်​ကို ​တွေ့ရှိရ​ကြောင်​း ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​တွင်​ ပါရှိသည်​။

H1N1ပိုးအား စစ်​​ဆေးရာမှာ မျိုးရိုးဗီဇပြောင်းလဲမှုရှိ-မရှိ၊ ပုံမှန်တုပ်ကွေးရောဂါပိုး ဟုတ်-မဟုတ်၊ ကြက်ငှက်တုပ်ကွေးရောဂါပိုးနှင့် မျိုးပေါင်းစပ်မှု ရှိ-မရှိ ဂျပန်​နိုင်​ငံဓာတ်​ခွဲခန်​းသို့ ​ပေးပို့စစ်ဆေးခဲ့ခြင်​းဖြစ်​သည်​။

စစ်ဆေးပြီး​နောက်​ ​ရောဂါပိုးမှာ တစ်ကမ္ဘာလုံး ပုံမှန်ပျံ့နှံ့သည့် ရာသီတုပ်ကွေး ရောဂါပိုး အမျိုးအစားဖြစ်ပြီး ပုံမှန်ကုသသည့် Antiviral ဆေးများအား ၉၅% မှ ၉၈% ထိ တုန့်ပြန်မှုရှိကြောင်း   တွေ့ရှိရ​ကြောင်​း ထုတ်​ပြန်​ချက်​တွင်​ ပါရှိသည်​။

ပြည်တွင်းလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများမှလည်း အလှူငွေများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ကာကွယ်ဆေးများအား မြန်​မာနိုင်​ငံကျန်​းမာ​ရေးနှင်​့ အားကစားဝန်​ကြီးဌာနကို လှူဒါန်းလျက်ရှိကြောင်း ထုတ်​ပြန်​ထားသည်​။

ထို့အပြင်​ ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာနမှ ကမ႓ာ့ကျန်​းမာ​ရေးအဖွဲ့သို့ လိုအပ်​သည်​့ ​ဆေးဝါးပစ္စည်​းအကူအညီများ​တောင်​းခံထား​ကြောင်​း ရန်​ကုန်​တိုင်​းကျန်​းမာ​ရေးတွင်​ ဇူလိုင်​၂၁ရက်​​၌ပြုလုပ်​သည်​့ သတင်​းစာရှင်​းလင်​းပွဲမှ သိရသည်​။

အဆိုပါ သတင်​းစာရှင်​းလင်​းပွဲ၌ A(H1N1)သည်​ ရာသီတုပ်ကွေးဖြစ်​ပြီး စိုးရိမ်​စရာမရှိဘဲ ​သေဆုံးနိုင်​မှုနူန်​းနည်​း​ကြောင်​း ​ပြောကြားခဲ့သည်​။

ဇူလိုင်လ (၂၁) ရက်နေ့မှ သြဂုတ်​ ၄ရက်​ ​နေ့လည်​ ၂နာရီအထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၃၃၆) ဦးရှိခဲ့သည်​။

၎င်းတို့အနက်​ H1N1 ပိုးတွေ့လူနာစုစုပေါင်း (၁၃၂)ဦးနှင်​့ သေဆုံးသူ စုစုပေါင်း (၁၄)ဦး ရှိပါသည်။

လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ (၃၃၆)ဦးတွင် သေဆုံးမှုနှုန်းမှာ (၄.၁၇)ရာခိုင်နှုန်း ရှိနေသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags