NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

သရုပ်ဆောင်အလုပ်ကို အဓိကထား လုပ်ဆောင်ရန် အတွက် f(x) အဖွဲ့မှ နှုတ်ထွက်တော့မည့် ဆူးလီ

.

ဆိုးလ်၊ သြဂုတ် ၈ ။        ။ တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့  f(x) အဖွဲ့ဝင် ဆူးလီသည် သရုပ်ဆောင်အလုပ်ကို အာရုံစိုက်လုပ်ရန်အတွက် အဖွဲ့မှနှုတ်ထွက်တော့မည်ဖြစ်ကြောင်း ၄င်း၏အေဂျင်စီက သြဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။

 အသက် ၂၁ နှစ်အရွယ်ရှိ ဆူးလီနှင့်ဆွေးနွေးမှုများပြုလုပ်ပြီးနောက်  SM  Entertainment  အေဂျင်စီက “ သရုပ်ဆောင်အလုပ်ကို အာရုံစိုက်လုပ်ဖို့အတွက် အဖွဲ့အတွင်းမှ ထွက်ခွာတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ သူမရဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုပါတယ်”ဟု ပြောကြားခဲ့သည်။

ဆူးလီသည် ပြီးခဲ့သည့် နှစ်ဇူလိုင်လက ဟစ်ဟော့ပ်အဖွဲ့ Dynamic Duo အဖွဲ့ဝင်  Choiza နှင့် တွဲနေသည်ဟူသော သတင်းများနှင့်ပတ်သက်သော ကောလဟာလ သတင်းများထွက်ပေါ်လာပြီး သည့်အချိန်မှစ၍ ၄င်း၏သတင်းများသည် မကောင်းသတင်းများသာ ထွက်ပေါ်လာခဲ့သည်။

f(x) အဖွဲ့သည် ဗစ်တိုရီးယား ၊လုနာ၊ အမ်ဘာနှင့် ခရစ္စတဲလ် တို့လေးဦးဖြင့် အနုပညာအလုပ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  SM  Entertainment က ပြောကြားသည်။” ကျွန်တော် တို့အနေဖြင့် f(x)အဖွဲ့ရဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်”ဟု အေဂျင်စီက ပြောကြားခဲ့သည်။