မောင်​​တောတွင်​ တိုက်ခိုက်မှုကြောင့် ရွာသား ခြောက်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံး

မောင်​​တောတွင်​ တိုက်ခိုက်မှုကြောင့် ရွာသား ခြောက်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံး

ရခိုင်​ပြည်​နယ်​​၊ မောင်​​တောမြို့နယ်​ ကိုင်​းကြီး​ကျေးရွာတွင်​ အကြမ်​းဖက်​သမားဟုဆိုသူများ၏ တိုက်​ခိုက်​မှု​ကြောင်​့ ရွာသား ခြောက်ဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးလျက်ရှိ​ကြောင်​း နိုင်​ငံ​တော်​အတိုင်​ပင်​ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သတင်​းထုတ်​ပြန်​ထားသည်​။

ဖြစ်​စဉ်​မှာ မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာ အနောက်ဘက်၌ ယနေ့သြဂုတ်​၃ရက်​ နံနက်၁၀ နာရီခန့်က သေနတ်သံများ ကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ကိုင်းကြီးကျေးရွာသား ကိုင်းကြီး (မြို)ကျေးရွာနေ ကုန်ဝိုင်း(၂၅) နှစ်(ဘ)ဦးစံထွန်း၊ လင်းကြတ်(၂၉)နှစ် (ဘ)မာန်ဒိုင်းတို့ နှစ်ဦးအား မှောက်လျက်အနေအထားဖြင့် သေဆုံးလျက်ရှိသည်ကို စတင်တွေ့ရှိခဲ့သည်။

သို့ဖြစ်​၍ ဆက်​လက်​ရှာ​ဖွေရာ ဦးကိုင်းမွှေး(၂၅)နှစ်(ဘ) ဦးတင်ဝိုင်းနှင်​့ ဒေါ်ဆိန်ရာ (၃၈)တို့တွင်​ပြတ်​ရှရာများ​တွေ့ရှိခဲ့ရသည်​။ ဒေါ်ရီ(၂၇)နှစ်နှင်​့ ဒေါ်ထီးကော် (၂၅)နှစ်တွင် ​သေနတ်ဒဏ်ရာနှင်​့ ပြတ်​ရှရာများဖြင်​့ သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့သည်။

ကိုင်​းကြီး​ကျေးရွာ​နေ မြိုတိုင်းရင်းသား ၂ ဦးမှာ​ပျောက်​ဆုံးလျက်​ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက် ရှာဖွေ​လျက်​ရှိသည်​။

ထို့​ကြောင်​့ ကိုင်​းကြီး​ကျေးရွာ​နေသူများအား သတ်ဖြတ်သွားသည့် အကြမ်းဖက်သမားဆိုသူများကို လုံခြံု​ရေးတပ်​ဖွဲ့များက ပိတ်ဆို့ရှာဖွေ၊ရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly