ပြင်ဦးလွင်ဆေးရုံတွင် H1N1 လူနာတစ်ဦးသေဆုံး၊ H1N1ဖြင့် သေဆုံးသူ ၁၅ဦးရှိပြီ

ပြင်ဦးလွင်ဆေးရုံတွင် H1N1 လူနာတစ်ဦးသေဆုံး၊ H1N1ဖြင့် သေဆုံးသူ ၁၅ဦးရှိပြီ
ဓာတ်ပုံ နိုင်ရဲဝေ

မန္တလေး၊ သြဂုတ် ၄ ။            ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံတွင် H1N1 ဖြင့် တက်ရောက်ကုသနေသူတစ်ဦးသည် သြဂုတ်လ ၄ ရက်၊ နံနက် ရနာရီခွဲက သေဆုံးသွားပြီးဖြစ်ကြောင်း ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းဝင်းကပြောသည်။

ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင်၃၀ ရက်က ရာသီတုပ်ကွေးသံသယဖြင့် တက်ရောက်ကုသနေသည့် လူနာအား စစ်ဆေးခဲ့ရာ သြဂုတ်လ ၃ ရက်တွင် ရောဂါတွေ့ရှိခဲ့ကြောင်း ဆေးရုံအုပ်ကြီး   ဒေါက်တာ ဝင်းပပဝင်း၏ ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူးထံ ပေးပို့သည့် အကြောင်းကြားစာရသိရသည်။

သြဂုတ်​၃ရက်​​အထိ တစ်နိုင်ငံလုံး၌ စုစုပေါင်းသေဆုံးသူ (၁၄) ဦးရှိ​နေပြီး အသက်​ရှုလမ်​း​ကြောင်​းပိုးဝင်​လူနာ(၃၀၅)ဦးနှင့် အချိုးချတွက်​ချက်​ကာ သေဆုံးမှုနှုန်းမှာ (၄.၆) ရာခိုင်နှုန်းရှိ​​​နေသည်​ဟု သြဂုတ်​၃ရက​်​​နေ့ ညတွင်​ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်​ပြန်​ထားသည်​။

သြဂုတ် ၄ရက်တွင် ပြင်ဦးလွင်၌ တစ်ဦးသေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်း ၁၅ဦးထိ ရှိနေပြီလည်းဖြစ်သည်။

ရာသီတုပ်ကွေး A(H1N1)ပိုး​တွေ့ရှိသူလူနာများအနက်​မှ ​ရောဂါပိုး​ပျောက်​ကင်​းပြီးရ​ုံမှဆင်​းနိုင်​သူ ယနေ့ သြဂုတ်လ ၃ ရက်အထိ၂၈ဦးရှိခဲ့​ကြောင်​း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags