လာမယ့် ရာသီ အသင်းမှာ ဆန်းချက်ဇ် ဆက်ရှိနေမည်ဟု ဝင်းဂါး ပြော

လာမယ့် ရာသီ အသင်းမှာ ဆန်းချက်ဇ် ဆက်ရှိနေမည်ဟု ဝင်းဂါး ပြော
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးက ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ လာမယ့်ရာသီမှာ အသင်းနဲ့အတူ ရှိနေလိမ့်မယ်ဖြစ်ကြောင်း ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့ပါတယ်။

ကစားသမားရဲ့ အနာဂတ်မှာ မငြိမ်မသက်ရှိနေပေမယ့် လာမယ့်ရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆန်းချက်ဇ်ကို ဒီနွေရာသီမှာ ရောင်းချသွားဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ပြင်သစ်နည်းပြက အခိုင်အမာ ပြောဆိုသွားပါတယ်။

"သူဟာ ဒီရာသီ ဒီမှာပဲ ရှိနေလိမ့်လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ဟာ ဒီကိစ္စကို ကိုင်တွယ်နိုင်ခဲ့မယ်ဆိုရင် သူဟာ နောက်ထပ် ရာသီတွေ အများကြီး ဆက်ရှိဖို့ ရှိပါတယ်။"လို့ အသက် ၆၇ နှစ်အရွယ်ရှိ ဝင်းဂါးက ပြောပါတယ်။

ဆန်းချက်ဇ်ဟာ အာဆင်နယ်အသင်းမှာ လာမယ့်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်းဆုံးမယ့် တစ်ဦးတည်းသော ကစားသမားလည်း မဟုတ်ပါဘူး။

အိုဇေးလ်၊ ချိန်ဘာလိန်၊ ဝီလ်ရှီးယားနှင့် ဂီဘ်စ်တို့ဟာလည်း အသင်းနဲ့ ၎င်းတို့ စာချုပ်အားလုံး သက်တမ်းကုန်ဖို့ နီးနေပြီဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly