ဖျာပုံဆေးရုံအုပ် H1N1 ကူးစက်ခံရ၊ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသ

ဖျာပုံဆေးရုံအုပ် H1N1 ကူးစက်ခံရ၊ ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းကုသ

ရန်ကုန်၊ သြဂုတ် ၃။  ။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိန်စိန်တွင် H1N1 ဗိုင်းရပ်စ်ပိုးတွေ့ရှိသောကြောင့် သြဂုတ် ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံကြီးသို့လွဲပြောင်းလိုက်ကြောင်း ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာအုန်းက မဇ္စျိမသို့ပြောသည်။

“ဟုတ်ပါတယ်ခင်ဗျ ဒီမနက်ပဲ ဝေဘာဂီဆေးရုံကြီးကိုလွှဲလိုက်တာခင်ဗျ" ဟု ၎င်းကပြောသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) သည် လူနာများနှင့် တိုက်ရိုက်ထိတွေ့့ရသော ကျန်းမာရေး ဝန်ထမ်းများအား ရောဂါကူးစက်ခံရခြင်း မရှိသေးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်တွင် ပါရှိသော်လည်း ကျန်းမာရေးဝန်ထမ်း တစ်ဦးသည် သံသယရှိလူနာတစ်ဦးအဖြစ် ဟားခါးဆေးရုံကြီး၌ ကုသမှု ခံယူနေရသည်။

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) ဖြစ်ပွားမှုမှာ သြဂုတ်လ ၁ ရက်ထိ အတည်ပြုလူနာ စုစုပေါင်း ရ၆ ဦး ရှိလာပြီး ၁၃ ဦးသေဆုံးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့အတွင်း H1N1 ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်မှုလုပ်ငန်းများလုပ်ဆောင်နေကြောင်း ဖျာပုံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags