ဖိလစ်ပီ ကာစီဒို လာဇီယိုအသင်းသို့ ပြောင်းရွှေ့ကြောင်း အက်စ်ပန်ညို အတည်ပြု

ဖိလစ်ပီ ကာစီဒို လာဇီယိုအသင်းသို့ ပြောင်းရွှေ့ကြောင်း အက်စ်ပန်ညို အတည်ပြု

တိုက်စစ်မှူး ဖိလစ်ပီ ကာစီဒိုဟာ အီတလီကလပ် လာဇီယိုသို့ ယူရို ၂.၅ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ကြောင်း အက်စ်ပန်ညိုအသင်းက ဗုဒ္ဓဟူးနေ့က တရားဝင် အတည်ပြုခဲ့ပါတယ်။

စီးရီးအေကလပ် လာဇီယိုကလည်း ကြေညာချက် အကျဉ်းတစ်ဆောင်ကို ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်ကနေ အဆိုပါကစားသမား အပြောင်းအရွှေ့ကို အတည်ပြုခဲ့ပါတယ်။

အီတလီကလပ်က အသက် ၂၈ နှစ်ရှိ အီကွေဒေါ ကစားသမားကို ၎င်းတို့ရဲ့ တွစ်တာအကောင်ကနေ ကြိုဆိုစကားဆိုခဲ့ပါတယ်။

ကာစီဒိုဟာ အက်စ်ပန်ညိုအသင်းအတွက် ၃ရာသီ ကစားခဲ့ပြီး  တရားဝင်ပွဲပေါင်း (၁၀၃)ပွဲ ကစားခဲ့ကာ (၂၄)ဂိုး သွင်းယူခဲ့ပါတယ်။

အီကွေဒေါကစားသမားဟာ ကစားသမားဘဝကို ၎င်းရဲ့ နိုင်ငံရှိ Rocafuerte အသင်းမှာ စတင်ခဲ့ပြီးနောက် ၂၀၀၆-၂၀၀၇ ရာသီမှာ ဆွစ်ဇာလန်ရှိ ဘေဆယ်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး နှစ်ရာသီကြာ ကစားခဲ့ပါတယ်။

ကာစီဒိုဟာ ၂၀၀၈ ခုနှစ်က မန်စီးတီးသို့ ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ နှစ်ရာသီကြာ ကစားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပေါ်တူဂီကလပ် စပို့စ်တင်း၊ စပိန်ကလပ် မာလာဂါနှင့် လီဗန်တေးအပါအဝင် ကလပ်တော်တော်များသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags