ထွက်ခွာတော့မည်ဟု အသင်းဖော်များကို နေမာပြောခဲ့ပြီးနောက် ဘာစီလိုနာကလည်း ပီအက်စ်ဂျီနှင့် ဆွေးနွေးခွင့်ပြု

ထွက်ခွာတော့မည်ဟု အသင်းဖော်များကို နေမာပြောခဲ့ပြီးနောက် ဘာစီလိုနာကလည်း ပီအက်စ်ဂျီနှင့် ဆွေးနွေးခွင့်ပြု

သြဂုတ် ၂၊ ဘာစီလိုနာ။                ။ ပီအက်စ်ဂျီအသင်းနှင့်ဆွေးနွေးရန် ဘာစီလိုနာအသင်းကခွင့်ပြုလိုက်ပြီးနောက် နေမာသည် ကမ္ဘာ့စံချိန်တင်စျေးနှုန်းဖြစ်သော ယူရို ၂၂၂ သန်း (ပေါင် ၁၉၈ သန်း) ဖြင့်အသင်းပြောင်းရန် နီးစပ်နေပြီဖြစ်သည်။

ဘရာဇီးလက်ရွေးစင်ကစားသမားသည် ဗုဒ္ဓဟူးနေ့လေ့ကျင့်ရေးကွင်းတွင် စပိန်ကလပ်မှထွက်ခွာတော့မည်ဟု အသင်းဖော်များကို ပြောဆိုခဲ့သေးသည်။

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက နေမာကို လေ့ကျင့်ခန်းမဆင်းရန်နှင့် အပြောင်းအရွှေ့ကိစ္စကိုဖြေရှင်းရန် ခွင့်ပြုပေးခဲ့သည်။ အသက် ၂၅ နှစ်ရှိ နေမာ၏ စာချုပ်ဖျက်သိမ်းကြေးမှာ ယူရို ၂၂၂ သန်းရှိပြီး ပီအက်စ်ဂျီအသင်းကလည်း ပေးချေဖွယ်ရှိနေသည်။

နေမာနှင့် အေးဂျင့်အဖြစ်ဆောင်ရွက်နေသည့် ဖခင်ဖြစ်သူတို့သည် ဗုဒ္ဓဟူးနေ့နံပိုင်းက အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံကာ အသင်းပြောင်းချင်သည်ဟု ပြောဆိုလာခဲ့ကြောင်း၊ နေမာ၏စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေးမှာယူရို ၂၂၂ သန်းရှိမည်ဟု အသင်းဘက်မှ အသိပေးခဲ့ကြောင်း၊ ကစားသမားဖြစ်သူမှာ အသင်းနှင့်စာချုပ်သက်တမ်းရှိနေဆဲဖြစ်သော်လည်း အပြောင်းအရွှေ့ ကိစ္စဖြေရှင်းရန် အတွက် လေ့ကျင့်ရေးနားထားခွင့်ပြုကြောင်း ဘာစီလိုနာအသင်းက ကြေညာချက်ထုတ်ခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly