ဘိုင်ယန်မြူးနစ်ကို အနိုင်ရသည့်ပွဲတွင် လီဗာပူးလ်တိုက်စစ်မှူးစတာရစ်ချ် ဒဏ်ရာရရှိ

ဘိုင်ယန်မြူးနစ်ကို အနိုင်ရသည့်ပွဲတွင် လီဗာပူးလ်တိုက်စစ်မှူးစတာရစ်ချ် ဒဏ်ရာရရှိ

သြဂုတ် ၂၊ မြူးနစ်။               ။ အော်ဒီဖလားပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်ကို ၃-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် လီဗာပူးလ်တိုက်စစ်မှူးစတာရစ်ချ်သည် ဂိုးသွင်းပြီးနောက် ပေါင်ဒဏ်ရာရသွား၍ လူစားလဲခံခဲ့ရသည်။

အသက် ၂၇ နှစ်အရွယ်အင်္ဂလန်တိုက်စစ်မှူးသည် အရန်ခုံမှထလာပြီး ၁၅ မိနစ်အကြာတွင် လီဗာပူးလ်၏ တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့သည်။

သို့သော် ယင်းပွဲချိန် ၈၇ မိနစ်မှာပင် ချက်ချင်းလူစားပြန်လဲလိုက်ရပြီး နည်းပြကလော့ပ်က ဒဏ်ရာမပြင်းစေရန် မျှော်လင့်ကြောင်း ပြောသည်။

လီဗာပူးလ်အသင်းကို ဗိုလ်လုပွဲတွင် အက်သလက်တီကိုနှင့်ကစားရစေရန် ဆာဒီယို မာနေးနှင့် မိုဟာမက် ဆာလက်ချ်တို့ကလည်း ဘိုင်ယန် မြူးနစ်ဘက်သို့ ဂိုးသွင်းယူခဲ့ကြသည်။

တိုက်စစ်မှူးစတာရစ်ချ်သည် ပြီးခဲ့သည့် သုံးရာသီအတွင်း ဒဏ်ရာများကြောင့်အကန့်အသတ်ဖြင့်သာပွဲထွက်နိုင်ခဲ့ပြီး လိဂ်ပွဲ ၄၆ ပွဲ သာ ကစားခဲ့ရသည်။

ပွဲအပြီးတွင်ကလော့ပ်က “သူ့ပေါင်က နာနေပါတယ်။ သူတကယ်ကို ကောင်းကောင်းပြင်ဆင်ထားခဲ့လို့ ဒါက ဒဏ်ရာသေးသေး လေးဖြစ်ဖို့နဲ့ မကြာခင်ပြန်ကစားနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။

သူသွင်းလိုက်တဲ့ဂိုးက ကောင်းတယ်။ အဲဒီမတိုင်မီ အခွင့်ရေးတစ်ခုလည်းရခဲ့သေးတယ်။ သူဘယ်လောက်မြန်လဲဆိုတာ ကျွန်တော်တို့ မြင်ရမှာပါ”ဟု ပြောသည်။

လီဗာပူးလ်အသင်းသည် ရာသီကြိုပြင်ဆင်မှုအဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ဗုဒ္ဓဟူးနေ့တွင်ကစားပြီးနောက် စနေနေ့တွင် ဒဗ္ဗလင်၌ နောက်ဆုံးခြေစမ်းပွဲအဖြစ် အက်သလက်တစ် ဘီလ်ဘာအိုနှင့် ကစားမည်ဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly