၂၀၂၄ နှင့် ၂၀၂၈ အိုလံပစ်ပြိုင်ပွဲတွေကို ပဲရစ်၊ လော့စ်​အိန်​ဂျယ်​လိစ်တို့ အိမ်ရှင်အဖြစ် အသီးသီး လက်ခံကျင်းပမည်

၂၀၂၄ နှင့် ၂၀၂၈ အိုလံပစ်ပြိုင်ပွဲတွေကို ပဲရစ်၊ လော့စ်​အိန်​ဂျယ်​လိစ်တို့ အိမ်ရှင်အဖြစ် အသီးသီး လက်ခံကျင်းပမည်
(ဓာတ်ပုံ - အီးပီအေ)

နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ ၂၀၂၈ ပြိုင်ပွဲကို လော့စ်​အိန်​ဂျယ်​လိစ်​မြို့မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူညီမှု ရရှိခဲ့တာကြောင့် ၂၀၂၄ အိုလံပစ်ပြိုင်ပွဲအတွက် ပဲရစ်က လက်ခံကျင်းပရန် သေချာသွားပြီဖြစ်ပါတယ်။

"ဒါဟာ လော့စ်​အိန်​ဂျယ်​လိစ်​၊ အမေရိကန်နှင့် ကမ္ဘာတဝှမ်း အိုပစ်လှုပ်ရှားမှုများအတွက် သမိုင်းဝင်နေ့တနေ့ဖြစ်ပါတယ်။"လို့ လော့စ်​အိန်​ဂျယ်​လိစ်​မြို့တော်ဝန် အဲရစ် ဂါစီတီက ကြေညာချက်ထဲမှာ ပြောပါတယ်။

၂၀၂၄ အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အတွက် ဟမ်းဘတ်၊ ရောမနှင့် ဘူဒါပက်မြို့တွေက နောက်ဆုတ်သွားပြီးနောက် ပဲရစ်နှင့် လော့စ်​အိန်​ဂျယ်​လိစ်​ မြို့နှစ်မြို့သာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အိုလံပစ်ကော်မတီက ဇွန်လက ရွေးချယ်ထားပါတယ်။ ဒါပေမယ့် ဘယ်မြို့က ဘယ်နှစ်မှာ လက်ခံကျင်းပမယ်ဆိုတာတော့ မသိရသေးပါဘူး။

အဆိုပါမြို့နှစ်မြို့လုံးဟာ ၂၀၂၄ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလိုကြပါတယ်။

"ဒီနေ့ ကျနော်တို့ဟာ မျိုးဆက်တစ်ဆက်အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒီကစားပွဲကို ကျနော်တို့ မြို့တော်ဆီ ပြန်လည်သယ်ဆောင်နိုင်တဲ့ အဓိက ခြေလှမ်းတစ်လှမ်းကို ယူဆောင်လာပြီး လော့စ်​အိန်​ဂျယ်​လိစ်ရဲ့ ထာဝရ အိုလံပစ်ပုံပြင်ထဲမှာ အခန်းကြီးသစ်တစ်ခု စတင်ပါပြီ။"လို့ သူက ဆက်ပြောပါတယ်။

အမေရိကန်အိုလံပစ်ကော်မတီနှင့် လော့စ်​အိန်​ဂျယ်​လိစ်​မြို့တော်ကောင်စီတို့မှ အတည်ပြုခံရဖို့ ကျန်နေပေမယ့် အဆိုပါသဘောတူညီကို သမ္မတထရမ့်က ထောက်ခံခဲ့ပြီး IOC မှ အထောက်အပံ့အဖြစ် ဒေါ်လာ ၁.၈ ဘီလီယံ ပေးသွားမှာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags