အမျိုးသမီး တင်းနစ်ကမ္ဘာ့နံပါတ် ၁ နေရာမှာ ပလစ်ဆကိုဗာ ရပ်တည်၊ ထိပ်ဆုံး (၁၀) ဦးစာရင်း အပြောင်းအလဲမရှိ

အမျိုးသမီး တင်းနစ်ကမ္ဘာ့နံပါတ် ၁ နေရာမှာ ပလစ်ဆကိုဗာ ရပ်တည်၊ ထိပ်ဆုံး (၁၀) ဦးစာရင်း အပြောင်းအလဲမရှိ
ချက်တင်းနစ်မယ် ပလစ်ဆကိုဗာ (ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)ရဲ့  တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ ချက်တင်းနစ်မယ် ပလစ်ဆကိုဗာက ရမှတ် ၆,၇၅၁ ဖြင့် အဆင့် ၁ နေရာကနေ ဦးဆောင်နေပါတယ်။

ယခုအပတ် အဆင့်သတ်မှတ်ချက်ဟာ အပြောင်းအလဲ မရှိခဲ့ဘဲ ရိုမေးနီးယားမှ ဆီမွန်နာ ဟာလက်ပ်က အဆင့် (၂)၊ သူ့ရဲ့အောက်မှာ ထိပ်ဆုံးမှာ ရပ်တည်ဖူးခဲ့တဲ့ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက အဆင့် (၃) နေရာတို့မှာ ရပ်တည်ခဲ့ပါတယ်။

စပိန်မှ မူဂူရူဇာနှင့် ယူကရိန်းမှ အလီနာ ဆဗီလီနာတို့က အဆင့် (၄)နှင့် (၅) နေရာမှာ အသီးသီးရပ်တည်ကြပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) ပလစ်ဆကိုဗာ (ချက်) ၆,၇၅၁
၂) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၅,၇၇၀
၃) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၅,၆၂၆
၄) မူဂူရူဇာ (စပိန်) ၄,၉၉၁
၅) အလီနာ ဆဗီလီနာ(ယူကရိန်း) ၄,၉၃၅
၆) ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၄,၈၆၀
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၆၆၅
၈) ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၄၁၀
၉)  ဗီနပ်စ်ဝီလျံ (အမေရိကန်) ရမှတ် ၄,၀၅၂
၁၀) ရစ်ဝမ်စ်ကာ (ပိုလန်) ၃,၉၄၀

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly