ဘာနေဗျူးဖလားအတွက် သြဂုတ် ၂၃ ရက်မှာ ရီးယဲလ်နဲ့ ဖီအိုရင်တီးနား ကစားမည်

ဘာနေဗျူးဖလားအတွက် သြဂုတ် ၂၃ ရက်မှာ ရီးယဲလ်နဲ့ ဖီအိုရင်တီးနား ကစားမည်
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းဟာ သြဂုတ် ၂၃ ရက်နေ့မှာ ၃၇ ကြိမ် စန်တီယာဂိုဘာနေဗျူးဖလားပြိုင်ပွဲအတွက် ဖီအိုရင်တီးနားနဲ့ တွေ့ဆုံမှာဖြစ်ပြီး အဆိုပါနှစ်သင်း ဥရောပချန်ပီယံဖလားဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့တဲ့ နှစ် ၆၀ မြောက် အထိမ်းအမှတ်အဖြစ်လည်း ကျင်းပသွားမှာဖြစ်ကြောင်း စပိန်ကလပ်အသင်းက တနင်္လာနေ့က အတည်ပြုခဲ့ပါတယ်။

၁၉၅၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့က စန်တီယာဂိုဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဥရာပဖလားဗိုလ်လုပွဲမှာ ရီးယဲလ်အသင်းက စတီဖာနိုနဲ့ ဖရန့်စ္စကို ဂန်တိုတို့ရဲ့ သွင်းဂိုးတွေနဲ့  အီတလီကလပ် ဖီအိုရင်တီးနားကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဇီဒန်းရဲ့ အသင်းဟာ ပြီးခဲ့တဲ့နှစ် ပြင်သစ်ကလပ် ရိန်းအသင်းကို ၅-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဘာနေဗျူးဖလားကို (၁၁)ကြိမ်ဆက် ရရှိခဲ့ပါတယ်။

လာလီဂါချန်ပီယံအသင်းဟာ ဘာနေဗျူးဖလား (၂၆)ကြိမ် ရရှိထားပြီး မက္ကဆီကိုကလပ် ပူမက်စ်အသင်းကို ၂၀၀၄ ခုနှစ်က ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ရှုံးပွဲမတွေ့တော့တာဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်က စတင်ကျင်းပခဲ့တဲ့ ဘာနေဗျူးဖလားဟာ ရီးယဲလ်အသင်းရဲ့ ပွဲစဉ်ဇယားနဲ့ ပတ်သက်တဲ့ ပြဿနာများကြောင့် ၂၀၁၄ ခုနှစ်က တစ်ကြိမ်တည်းတာ မကျင်းပနိုင်ခဲ့ဘဲ ဖျက်သိမ်းခဲ့ရပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly