ဇူလိုင်လ ၃၁ ။ ။ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm09) ဖြစ်ပွားမှုနှင့် ပတ်သက်၍ လူနာ စုစုပေါင်း ၆၂ ဦးရှိနေပြီး သေဆုံးသူ ၁၂ ဦးရှိနေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယနေ့ဇူလိုင်လ ၃၁ ရက်တွင် ထုတ်ပြန်သည်။
ဇူလိုင်လ ၃၀ ရက်တွင် ၅၁ ဦးရှိခဲ့ပြီး Seasonal Influenza A(H1N1) pdm09 အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
သေဆုံးသူ၂ ဦးမှာလည်း ရန်ကင်းကလေး ဆေးရုံ၌ တက်ရောက်နေသာ လူနာ (၁) ဦးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆေးရုံကြီး (ဝေဘာဂီ) သို့ လွှဲပြောင်းကုသမှုပေးခဲ့သော လူနာ (၁) ဦး၊ စုစုပေါင်း လူနာ (၂) ဦး ထပ်မံ သေဆုံးခဲ့ပြီးနောက် သေဆုံးသူ ၁၂ ဦးအထိ ဖြစ်လာသည်။
ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့၊ (၁၄:၀၀) နာရီအထိ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ရရှိသော ရောဂါဖြစ်ပွားသော အချက်အလက်များအရ လတ်တလောပြင်းထန် အသက်ရှူလမ်း ကြောင်းပိုး ဝင်ရောဂါ (Severe Acute Respiratory Infection) ဖြင့် ဆေးရုံ တက်ရောက်ကုသသူ စုစုပေါင်းလူနာ (၂၁၃) ဦးရှိခဲ့သည်ဟု သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှလည်း တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများ၌ ရာသီတုပ်ကွေးရောဂါ သံသယဖြင့် (၂၀၁၇) ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ယနေ့အထိ ဆေးရုံ တက်ရောက်သူများစာရင်း အတိအကျကို စုဆောင်းလျက်ရှိပြီး ရာသီတုပ်ကွေးရောဂါ ဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့် တင်ခြင်းလုပ်ငန်းများအား အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိပါ သည်။
သို့သော် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စတင်သတင်းထုတ်ပြန်သည့် ဇူလိုင်လ ၂၄ ရက်မှယနေ့အထိ လူနာ ၁၂ ဦးမှ ၆၂ ဦးအထိ တိုးလာကြောင်း တွေ့ရသည်။