ဂါလာတာစာရေးသို့ ဖယ်လိုင်နီပြောင်းမည့်သတင်း မော်ရင်ဟိုငြင်း

ဂါလာတာစာရေးသို့ ဖယ်လိုင်နီပြောင်းမည့်သတင်း မော်ရင်ဟိုငြင်း

ဇူလိုင် ၃၁၊ မန်ချက်စတာ။             ။ ဖယ်လိုင်နီနှင့် ဂါလာတာစာရေးအသင်းတို့ သတင်းများထွက်ပေါ်နေခြင်းအပေါ် မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက ငြင်းဆန်ပယ်ချလိုက်ပြီး တူရကီကလပ်အနေဖြင့် ယင်းကွင်းလယ်လူထက် မိမိကိုနည်းပြအဖြစ်ခေါ်ယူခြင်းကပင် ပို၍လွယ်နေဦး မည်ဟု ပြောဆိုလိုက်သည်။

အိုးထရက်ဖို့ဒ်မှ ထွက်ခွာဖွယ်ရှိနေသည်ဟု သတင်းထွက်နေသည့် ဖယ်လိုင်နီကိုခေါ်ယူရန် နီးစပ်နေပြီဖြစ်ကြောင်း ဂါလာတာစာရေး အားကစားဒါရိုက်တာ အာဂွန်က ပြောဆိုထားသည်။

ယူနိုက်တက်အနေဖြင့် နောက်ထပ်ကွင်းလယ်သမားတစ်ဦးအဖြစ် မာတစ်ကိုခေါ်ယူနိုင်ရန် နီးစပ်နေပြီး ဖယ်လိုင်နီမှာလည်း စာချုပ် နောက်ဆုံးနှစ်ထဲရောက်နေသည့်တိုင် ထွက်ခွာခွင့်ပြုမည် မဟုတ်ဟု မော်ရင်ဟိုကပြောသည်။

“ဖယ်လိုင်နီကိုရဖို့ထက် ကျွန်တော့်ကိုရဖို့ကတောင် သူတို့အတွက်ပိုလွယ်နေဦးမယ်။ မေ့လိုက်ပါ။ သူက ကျွန်တော့်အတွက် အရမ်းအရေးပါသူတစ်ယောက်ပါ”ဟု မော်ရင်ဟိုက သတင်းထောက်များကိုပြောသည်။

ပေါင် ရ၅ သန်းတန်တိုက်စစ်မှူးလူကာကူ ခေါင်းတိုက်ဂိုးတစ်ဂိုးရပြီး ၃-၀ ဂိုးဖြင့်နိုင်သည့် ဗယ်လာရန်ဂါအသင်းနှင့်ပွဲပြီးနောက် ပေါ်တူဂီလူမျိုးက မီဒီယာထံပြောဆိုခြင်းဖြစ်သည်။

လူကာကူ၏ဂိုုးနှင့်ပတ်သက်ပြီး မော်ရင်ဟိုက “ကောင်းပါတယ်။ တိုက်စစ်မှူးတွေက ဂိုးသွင်းရတာကြိုက်ကြတယ်။ ကျွန်တော့် အတွက်မဟုတ်ဘူး။ သူ့အတွက် အရေးကြီးကောင်းအရေးကြီးနိုင်တယ်။ သူ့ရဲ့ယုံကြည်မှုအတွက်ပေါ့”ဟု ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly