ဆီဗီလာကိုရှုံးခဲ့သော်လည်း အမ်းမရိတ်စ်ဖလား အာဆင်နယ်ရရှိ

ဆီဗီလာကိုရှုံးခဲ့သော်လည်း အမ်းမရိတ်စ်ဖလား အာဆင်နယ်ရရှိ

ဇူလိုင် ၃၁၊ လန်ဒန်။            ။ အာဆင်နယ်အသင်းသည် ဆီဗီလာကိုရှုံးခဲ့သော်လည်း အမ်းမရိတ်စ်ဖလားကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ လီယွန်မှ ပေါင် ၅၂ သန်းဖြင့်ပြောင်းလာသည့် လာကာဇတ်သည်လည်း အာဆင်နယ်အတွက် အိမ်ကွင်းပထမဆုံးဂိုးသွင်းပေးနိုင်ခဲ့သည်။

ဆီဗီလာအသင်းက ကော်ရီယာ၊ အန်ဇွန်ဇီတို့၏ ဂိုးများကြောင့် ၂-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ဆီဗီလာအသင်းမှာပွဲစဉ်နှစ်ပွဲလုံး အနိုင်ရခဲ့သော်လည်း အာဆင်နယ်အသင်းက ဂိုးအရေအတွက်အရ ဖလားရသွားခြင်းဖြစ်သည်။

အဖွင့်ပွဲတွင် ဆီဗီလာက ဘွန်ဒက်စ်လီဂါကလပ်လိုက်ဇစ်ကို ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး အာဆင်နယ်က ဘင်ဖီကာကို ၅-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အသင်းတိုင်းသည် ဂိုးတစ်ဂိုးအတွက်တစ်မှတ်ရမည်ဖြစ်ရာ အာဆင်နယ်အသင်းက အမှတ်ပေးဇယားထိပ်၌ ရပ်တည်နိုင်ခဲ့သည်။

လာကာဇတ်သည် အသင်းသစ်အာဆင်နယ်အတွက်ပထမဆုံးဂိုးကို ရာသီကြိုခြေစမ်းပွဲဖြစ်သည့် ဆစ်ဒနီနှင့်ပွဲတွင် သွင်းယူပေး ထားသည်။

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲဖြစ်သည့် လက်စတာနှင့်ပွဲမတိုင်မီ ငါးရက်အလို သြဂုတ် ၆ တွင် ကွန်မြူနတီ ဒိုင်းပွဲအဖြစ် ဝင်ဘာလေကွင်း၌ ချယ်လ်ဆီးအသင်းနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags