ရီးယဲလ်အသင်းသားတွေကို သွားရောက် နှုတ်ဆက်ခဲ့တဲ့နေမာ

ရီးယဲလ်အသင်းသားတွေကို သွားရောက် နှုတ်ဆက်ခဲ့တဲ့နေမာ

ဇူလိုင် ၃၁၊ စပိန် ။                 ။ ဘာစီလိုနာတိုက်စစ်မှူးနေမာနဲ့ ချယ်လ်ဆီးကွင်းလယ်ကစားသမား မာတစ်တို့ရဲ့ အပြောင်းအရွှေ့တွေက တစ်ရက်ထက် တစ်ရက် ပိုမိုသတင်းကြီးလာနေပါတယ်။

အခုနောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေကတော့ နေမာဟာ ဘာစီလိုနာက ရီးယဲလ်ကို ၃-၂ ဂိုးနဲ့နိုင်တဲ့ ပွဲအပြီးမှာ ရီးယဲလ်အသင်းရဲ့အဝတ်လဲခန်းထဲကိုသွားပြီးနှုတ်ဆက်ခဲ့တယ်ဆိုတဲ့ သတင်းပါပဲ။

နေမာဟာ ပီအက်စ်ဂျီအသင်းကို ပေါင် ၁၉၅ သန်းနဲ့ပြောင်းဖို့အတွက် နောက်ဆုံးအနေနဲ့ သူတို့ရဲ့မဟာပြိုင်ဘက် ရီးယဲလ်ကစားသမားတွေကို သွားနှုတ်ဆက်တာလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

နေမာဟာ ရီးယဲလ်ကစားသမားဟောင်း ဘက်တစ္စတာနဲ့စကားတွေပြောဆိုခဲ့သလို ရီးယဲလ်ကစားသမားတွေဖြစ်တဲ့ ရာမို့စ်နဲ့ကာစီမီရိုတို့ရဲ့ ဂျာစီတွေကိုလည်း အမှတ်တရယူလာခဲ့ပါတယ်။ ရီးယဲလ်အဝတ်လဲခန်းထဲမှာ ၁၅ မိနစ်လောက်အထိ အချိန်ဖြုန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပုံတွေကို မီဒီယာတွေက မှတ်တမ်းယူထားခဲ့ပြီး ပြန်လည်ဖော်ပြခဲ့ကြပါတယ်။

ဒါ့အပြင်နေမာဟာ အမေရိကန်ရာသီကြိုခြေစမ်းပွဲအပြီးမှာ ဘာစီလိုနာအသင်းနဲ့အတူ စပိန်ကို ပြန်လိုက်သွားခြင်းမရှိဘဲ ကိုယ်ပိုင်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို ထွက်ခွာသွားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဗယ်ဗာဒီကတော့ နေမာရဲ့အကြောင်းကို မှန်းဆပြောဆိုလိုခြင်းမရှိကြောင်း ဆိုခဲ့ပြီး ဘောလုံးရာသီစတင်ချိန်မှာ အသင်းနဲ့အတူနေမာရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly