ချယ်လ်ဆီး ကွင်းလယ်လူ နီမန်ဂျာ မာတစ်ကို ခေါ်ယူစာချုပ်ဖို့ နီးစပ်နေတဲ့ မန်ယူ

ချယ်လ်ဆီး ကွင်းလယ်လူ နီမန်ဂျာ မာတစ်ကို ခေါ်ယူစာချုပ်ဖို့ နီးစပ်နေတဲ့ မန်ယူ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်ဟာ ချယ်လ်ဆီးမှ ဆားဘီးယားကွင်းလယ်လူ နီမန်ဂျာ မာတစ်ကို ပေါင်သန်း (၄၀)ဖြင့် ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဒီနွေရာသီမှာ မန်ယူက ဘင်ဖီကာအသင်းမှ ပေါင် (၃၁)သန်းနဲ့ ပြောင်းရွှေ့လာတဲ့ နောက်ခံလူ လင်ဒီလော့ဖ်နှင့် အဲဗာတန်မှာ ပေါင်သန်း (၇၅)တန် လူကာကူတို့ကို ခေါ်ယူခဲ့ပြီးနောက် အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ အသင်းရဲ့ တတိယမြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်လာမှာပါ။

တနင်္ဂနွေနေ့က မန်ယူအသင်းက ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ဗယ်လာရန်ဂါကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် နည်းပြ မော်ရင်ဟိုက မာတစ်နဲ့ ပတ်သက်လို့ ပြောကြားရာမှာ "ကျနော်တို့ သတင်းတွေကို စောင့်ဆိုင်းနေကြပါတယ်။ ကျနော်တို့ အခွင့်အရေးတစ်ခု ရှိတယ်လို့ ကျနော် ထင်ပါတယ်။ ကျောနံပါတ် ၃၁ က လစ်ဟာနေတဲ့ နံပါတ်တစ်ခုဖြစ်ပါတယ်။"လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုက မာတစ်ကို ချယ်လ်ဆီးအတွက် ခေါ်ယူခဲ့တုန်းခဲ့ဖူးတာကြောင့် ဒါဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ခေါ်ယူမှုဖြစ်လာပါလိမ့်မယ်။

မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်တုန်းက ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလက ဘင်ဖီကာမှ မာတစ်ကို ခေါ်ယူဖို့ ပေါင် ၂၁ သန်း အသုံးပြုခဲ့ပါတယ်။

ကွင်းလယ်ကစားသမားဟာ ၂၀၁၆-၁၇ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းအတွက် လိဂ်ပွဲ (၃၅)ပွဲကစားခဲ့ပြီး တစ်ဂိုး သွင်းယူခဲ့ပါတယ်။

ချယ်လ်ဆီးဟာ မိုနာကိုမှ အသက် ၂၂ နှစ်ရှိ ပြင်သစ်ကစားသမား ဘာကာယိုကို,ကို ဒီလအစောပိုင်းက ပေါင်သန်း (၄၀)နဲ့ ခေါ်ယူပြီးနောက် အသင်းကနေ မာတစ် ထွက်ခွာဖို့ ဖြစ်လာတယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly