မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ကျည်အစစ်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ကျည်အစစ်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်

ဇူလိုင် ၂၉ ။              ။ ကန့်ကွက်မှုများကြားမှ တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားတို့ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ဇူလိုင် ၂၉ ရက်က အမေရိကန်နှင့် တောင်ကိုရီးယားတို့ကလည်း ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောသည်။

ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၂၉ နံနက်အစောပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များအသုံးပြု လေ့ကျင့်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယမန်နေ့က ပြံုယမ်းအစိုးရက ဒုံးစမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် ယင်းနိုင်ငံအပေါ် စစ်ရေးအရ အရေးယူရေး အမေရိကန်နှင့်တောင်ကိုရီးယားစစ်တပ်တို့အကြား ဆွေးနွေးခဲ့ကြောင်းလည်း ၀ါရှင်တန်တာဝန်ရှိသူများက ပြောခဲ့သေးသည်။

ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြေပြင်မှ မြေပြင်ပစ် ATACMS ဒုံးစနစ်နှင့် တောင်ကိုရီးယား၏ Hyunmoo ဒုံးအမျိုးအစားတို့ကိုပါ ထည့်သွင်းလေ့ကျင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယမန်နေ့ကလုပ်ဆောင်ခဲ့သည့် မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးပစ်လွှတ်မှုအပေါ် အင်အားကြီးတရုတ်နိုင်ငံကလည်း လူသိရှင်ကြားဝေဖန်ခဲ့သော်လည်း ယခုကဲ့သို့ ပြံုယမ်းအာဏာပိုင်တို့၏ နျူခြိမ်းခြောက်လာနေမှုနှင့်ပတ်သက်၍ တရုတ်နှင့် ရုရှတို့တွင် အဓိကတာဝန်ရှိနေကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags