သင်္ဃန်​းကျွန်​းမြို့နယ်​ရှိ ​ကျောင်​းများတွင်​ H1N1အသိပညာ​ပေးမှုများ ပြုလုပ်​

သင်္ဃန်​းကျွန်​းမြို့နယ်​ရှိ ​ကျောင်​းများတွင်​ H1N1အသိပညာ​ပေးမှုများ ပြုလုပ်​
Photo - The 88 Generation Peace and Open Society

ရန်​ကုန်​၊ဇူလိုင်​၂၉ ။            ။ ရန်​ကုန်​တိုင်​း​ဒေသကြီးသင်္ဃန်​းကျွန်​းမြို့နယ်​ရှိ ​ကျောင်​းများတွင်​ H1N1နှင်​့ပတ်​သက်၍ အသိပညာ​ပေးမှုများ​ဆောင်​ရွက်​​နေ​ကြောင်​း ရန်​ကုန်​တိုင်​း​ဒေသကြီး သင်္ဃန်​းကျွန်​းမြို့နယ် ​မဲဆန္ဒနယ်​အမှတ်​(၁)၏ လွှတ်​​တော်​အမတ်​ ဦး​နေဘုန်​းလတ်​က ဆိုသည်​။

"အစိုးရအဖွဲ့က​တော့ ကုသ​ရေးလုပ်​လိမ်​့မယ်​ ။ ကျွန်​​တော်တို့က​တော့ ပိုစတ​ာ​ ပေါ့​နော်​ ။ H1N1နဲ့ပတ်​သက်​ပြီး ကာကွယ်​ရမဲ့ ပိုစတာ​လေး​တွေ​ ကျောင်​း​တွေမှာ လိုက်​ကပ်​တယ်​ ။ လူစည်​ကားတဲ့​နေရာ​တွေမှာ လိုက်​ကပ်​တာ​ပေါ့​နော်​ ။ Mask က​တော့ လုံလုံ​လောက်​​လောက်​​တော့ မ​ဝေနိုင်​ဘူး။ အများကြီးမရှိ​တော့ ​ကျောင်​း​တွေပဲ အဓိကထား​ဝေ​ပေး​နေတယ်​"ဟု ရန်​ကုန်​တိုင်​း​ဒေသကြီး သင်္ဃန်​းကျွန်​းမြို့နယ်​မဲဆန္ဒနယ်​အမှတ်​(၁)၏ လွှတ်​​တော်​အမတ်​ ဦး​နေဘုန်​းလတ်​က​ ပြောသည်​။

သင်္ဃန်​းကျွန်​းမြို့နယ်​ရှိ​ကျောင်​းများအားလုံးတွင် H1N1ကာကွယ်​​ရေး ပိုစတာများ ကပ်​ခြင်​း၊ Mask များ​ဝေ​ပေးခြင်​း​များကို ပြုလုပ်​​နေခြင်​း ဖြစ်​သည်​။

"Mask က အဓိကပြဿနာက တစ်​ခါသုံးဖြစ်​တယ်​​ပေါ့​နော်​ ။ သုံးပြီးတာနဲ့တစ်​ခါတည်​းလွှတ်​ပစ်​ဖို့လိုတယ်​။  ပိတ်​စနဲ့လုပ်​ထားတဲ့ Mask​ တွေဆိုရင်​လည်​း တစ်​​နေ့သုံးပြီးတာနဲ့ ပြန်​ပြီး​ရေ​နွေးနဲ့ပြုတ်​ပြီး​လျှော်​ပြီး​တော့မှပြန်​သုံးသင်​့တယ်​​ပေါ့ ​နော် ။ Mask ကို ကိုင်​တွယ်​တဲ့အခါမှာလည်​း ကြိုး​က​နေ ကိုင်​တွယ်​ဖို့၊ ဒါမျိုး​တွေ​တော့ ကျွန်​​တော်​တို့​ပြော​နေတယ်​​ပေါ့​နော်​"ဟု လွှတ်​​တော်​အမတ်​ ဦး​နေဘုန်​းလတ်​က ​ပြောသည်​။

ပိုစတာနှင်​့ Mask​ ဝေခြင်​းပြီးလျှင်​ လက်​​ဆေးဆပ်​ပြာများ​ ဝေ​ပေးရန်​ အစီစဉ်​ရှိ​ကြောင်​း သူကဆက်​​ပြောသည်​။

အဆိုပါပညာ​ပေးလုပ်​ငန်​းကို ကြက်​​ခြေနီအဖွဲ့၊ မြို့နယ်​ကျန်​းမာ​ရေးအဖွဲ့၊ ၈၈ငြိမ်​းချမ်​း​ရေးနှင်​့ပွင်​့လင်​း လူ့အဖွဲ့အစည်​းနှင်​့ စည်​ပင်​တို့မှ ပါဝင်​​ဆောင်​ရွက်​​နေသည်​။

ဇူလိုင်လ ၂၉ ရက် ယနေ့ နေ့လည်အထိ  H1N1​ရောဂါဖြင်​့ ကူးစက်​သူ ၃၅ ဦး ရှိ​နေပြီး ​သေဆုံးသူ ၆ ဦး ရှိ​ကြောင်​း ကျန်​းမာ​ရေးဝန်​ကြီးဌာနမှ ထုတ်​ပြန်​ထားသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly