ဒေါ့မွန်အသင်းမှ မီးခေးလ် မာရီနိုကို နယူးကာဆယ်လ်က တစ်ရာသီအငှားဖြင့် ခေါ်ယူ

ဒေါ့မွန်အသင်းမှ မီးခေးလ် မာရီနိုကို နယူးကာဆယ်လ်က တစ်ရာသီအငှားဖြင့် ခေါ်ယူ
(ဓာတ်ပုံ - နယူးကာဆယ်လ်)

နယူးကာဆယ်လ်အသင်းဟာ ဒေါ့မွန်အသင်းမှ စပိန်ကွင်းလယ်ကစားသမား မီးခေးလ် မာရီနိုကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့ကြောင်း သောကြာနေ့က အတည်ပြုခဲ့ပါတယ်။

မာရီနိုဟာ ၂၀၁၅-၁၆ ရာသီအကုန်က ဒေါ့မွန်အသင်းဆီ မပြောင်းရွှေ့ခင်က ဇာတိမြို့ အိုဆာဆူနာကလပ်အတွက် ပွဲ(၆၀)ကျော် ကစားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ဇွန်လက ယူ ၂၁ နှစ်အောက် ဥရောပချန်ပီယံရှစ် ဗိုလ်လုပွဲစဉ် ဂျာမနီနဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။

သူဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ နယူးကာဆယ်လ်က ဒီနွေရာသီမှာ ခေါ်ယူတဲ့ (၅)ဦးမြောက် ကစားသမားဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly