ဝက်ဖို့ဒ်အသင်းဟာ ဂိုးသမား ဟူရယ်လိုဂိုးမက်ဇ်ကို (၂)နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ကြောင်း အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
"အသက် ၃၆ နှစ်ရှိ ကစားသမားဟာ ကလပ်မှာ ၂၀၁၉ထိ ဆက်ရှိနေမယ့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။"လို့ ကြေညာချက်က ဆိုပါတယ်။
ဘရာဇီးဝါရင့်ဂိုးသမားကြီးဟာ ၂၀၁၄ ခုနှစ်က စပါးမှ ဝက်ဖို့ဒ်အသင်းဆီ ပူးပေါင်းခဲ့ပြီး သူဟာ အသင်းပရိသတ်တွေရဲ့ နှလုံသားကို သိမ်းပိုက်နိုင်သူဖြစ်ပါတယ်။
ဂိုးမက်ဇ်ဟာ ဝက်ဖို့ဒ်မှာ ၂၀၁၄ ခုနှစ်ကစလို့ ပွဲပေါင်း (၁၂၂)ပွဲ ကစားခဲ့ပြီး ၂၀၁၅-၁၆ ရာသီရဲ့ ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသလို ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ နှစ်ရာသီဆက်အတွက် ကစားသမားများရဲ့ ကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။
ဘရာဇီးဂိုးသမားဟာ ဝက်ဖို့ဒ်အသင်းမှာ အဓိက ကစားသမားအဖြစ် ကစားခဲ့ပြီး အသင်းကို ၂၀၁၅ ခုနှစ်မှာ ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် ကူညီပေးခဲ့ပါတယ်။
(EFE_EPA)