ဂိုးသမား ဟူရယ်​လိုဂိုးမက်​ဇ်​ကို ဝက်ဖို့ဒ်အသင်း (၂)နှစ်​သက်​တမ်​းတိုး ချုပ်ဆို

ဂိုးသမား ဟူရယ်​လိုဂိုးမက်​ဇ်​ကို ဝက်ဖို့ဒ်အသင်း (၂)နှစ်​သက်​တမ်​းတိုး ချုပ်ဆို
(ဓာတ်ပုံ - အီးပီအေ)

ဝက်ဖို့ဒ်အသင်းဟာ ဂိုးသမား ဟူရယ်​လိုဂိုးမက်​ဇ်​ကို (၂)နှစ်​သက်​တမ်​းတိုး စာချုပ်​ချုပ်​ဆိုခဲ့ကြောင်း အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

"အသက် ၃၆ နှစ်ရှိ ကစားသမားဟာ ကလပ်​မှာ ၂၀၁၉ထိ ဆက်​ရှိ​နေ​မယ့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။"လို့ ကြေညာချက်က ဆိုပါတယ်။

ဘရာဇီးဝါရင့်ဂိုးသမားကြီးဟာ ၂၀၁၄ ခုနှစ်က စပါးမှ ဝက်ဖို့ဒ်အသင်းဆီ ပူးပေါင်းခဲ့ပြီး သူဟာ အသင်းပရိသတ်တွေရဲ့ နှလုံသားကို သိမ်းပိုက်နိုင်သူဖြစ်ပါတယ်။

ဂိုးမက်ဇ်ဟာ ဝက်ဖို့ဒ်မှာ ၂၀၁၄ ခုနှစ်ကစလို့ ပွဲပေါင်း (၁၂၂)ပွဲ ကစားခဲ့ပြီး ၂၀၁၅-၁၆ ရာသီရဲ့ ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသလို ၂၀၁၅-၁၆ နှင့် ၂၀၁၆-၁၇ နှစ်ရာသီဆက်အတွက် ကစားသမားများရဲ့ ကစားသမားဆုကိုလည်း ဆွတ်ခူးခဲ့ပါတယ်။

ဘရာဇီးဂိုးသမားဟာ ဝက်ဖို့ဒ်အသင်းမှာ အဓိက ကစားသမားအဖြစ် ကစားခဲ့ပြီး အသင်းကို ၂၀၁၅ ခုနှစ်မှာ ပရီးမီးယားလိဂ်ဆီ တန်းတက်အောင် ကူညီပေးခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags