H1 N1 လို့ သိတဲ့အချိန်မှာတောင် တော်တော်လေး သက်သာနေပါပြီဆိုတဲ့ စုလင်းရှိန်

H1 N1 လို့ သိတဲ့အချိန်မှာတောင် တော်တော်လေး သက်သာနေပါပြီဆိုတဲ့ စုလင်းရှိန်
ဓာတ်ပုံ-ဆုလင်းရှိန် ဖေ့ဘုတ်
 

ဇူလိုင် ၂၇ ။             ။ H1N1 တွေ့ရှိရသော လူနာ ၃ ဦး အနက် ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသခံမှုခံယူနေတဲ့ မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်)က သူ ဆေးရုံတက်တာ ၂ ပတ်ရှိပြီဖြစ်ပေမယ့် တော်တော်လေး သက်သာနေပါပြီလို့ သူ့လူမှုကွန်ရက်အကောင့်ကနေတဆင့် ဇူလိုင်လ ၂၇ ရက်မှာ အသိပေးထားပါတယ်။

“ဆွိတီ ဆေးရုံစတက်တာ ၁၃ရက်နေ့ကပါ။ ဒီနေ့ဆို ဆေးရုံတက်တာ ၂ပတ်ပြည့်ပြီ။ တော်တော်လေး သက်သာနေပါပြီ။ ဆေးရုံကနေတော့ မဆင်းရသေးပါဘူး H1N1 ဆိုတာ သိတဲ့ အချိန်မှာတောင် ဆွိတီ တော်တော်လေး သက်သာနေပါပြီ” လို့ သူက လူမှုကွန်ယက်မှာ ပြောထားပါတယ်။

သူ ကုသနေစဉ်အတောအတွင်း ကုသပေးနေသူတွေနဲ့ မိဘဆွေမျိုးတွေ ကူးစက်ခြင်း မရှိပါဘူးလို့ ပြောထားပါသေးတယ်။

“H1N1မှန်း မသိခင်တုန်းက Mask တွေ ဘာတွေ မပါဘဲနဲ့ အနီးကပ်ပြုစုပေးခဲ့တဲ့ ဆွိတီရဲ့ မိသားစု ဆွေမျိုးတွေရော၊  ဆရာ/ဆရာမတွေရော တစ်ယောက်မှ ရောဂါ ကူးစက်ခံရတာမျိုး မရှိပါဘူး” လို့ မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်)က ပြောပါတယ်။

ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေတဲ့ မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်)က နေပြည်တော်၊ ရေဆင်းက မွေးမြူရေးတက္ကသိုလ်မှ အသက် ၂၂ နှစ်အရွယ်   နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့ကစတင်ပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့တောကြောင့် ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးတွင် ကုသမှု ခံယူနေရတာပါ။

ဒီနောက် ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်တယ်လို့ ဇူလိုင်လ ၂၄ ရက်က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags