ပုသိမ်တွင် သေဆုံးသည့် ကိုယ်ဝန်ဆောင်လူနာမှာ H1N1 ကြောင့် ဟုတ် မဟုတ် စစ်ဆေးနေ

ပုသိမ်တွင် သေဆုံးသည့် ကိုယ်ဝန်ဆောင်လူနာမှာ H1N1 ကြောင့် ဟုတ် မဟုတ် စစ်ဆေးနေ
ပုသိမ်ခရိုင်တွင် H1N1 ၄ ဦးတွေ့ရ္ဖိ္ဖရပြီးနောက် ညောင်တုန်းမြို့နယ်၊ကျောင်းများတွင်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဌာနဆိုင်ရာများ နှာချောင်းစည်းတပ်ဆင်ရန်နှင် H1N1 အသိပညာပေးခြင်းများအား ဇူလိုင်လ၂၇ရက်နေ့တွင် လှုပ်ရှားဆောင်ရွက်ပုံများအား မြင်တွေ့ရပုံ။ ဓာတ်ပုံ-စည်သူမောင်မောင်

ပုသိမ်၊ ဇူလိုင် ၂၇ ။            ။ ပုသိမ်ပြည်သူဆေးရုံတွင် ဇူလိုင်၂၅ရက်နေ့ သေဆုံးသည့် ကိုယ်ဝန်အမျိုးသမီးနှင့် ပတ်သက်ပြီး H1N1 ဟုတ်၊ မဟုတ် ကို ရန်ကုန်သို့ ပေးပို့စစ်ဆေးထားကြောင်း ပုသိမ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစုစုလှိုင်က အတည်ပြုပြောကြားသည်။

"သူ့မှာ ဖျားတယ်။ ချောင်းဆိုးတယ်။ ၁၀ရက်ဆိုတာ သံသယရှိလို့ ရန်ကုန် ပို့စစ်ထားတယ်။ လာတဲ့ အချိန်မှာ အဖျားမရှိဘူး Dead body က လည်ချောင်းတို့ဖတ်ယူပြီး ရန်ကုန် ပို့ထားတယ်။ အခုထိတော့ ရန်ကုန်က အဖြေပြန်မလာသေးဘူး”ဟု ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာစုစုလှိုင်က ဇူလိုင်၂၅ရက်နေ့တွင် ဆေးရုံတွင်သေဆုံးသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ပတ်သက်ပြီး မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ကိုယ်ဝန်ဆောင်လူနာမှာ ၁၀ ရက်ခန့် ဆက်တိုက်ချောင်းဆိုးခဲ့ပြီး H1N1 လက္ခဏာနှင့် ဆင်တူနေသောကြောင့် ယင်းကဲ့သို့ ပေးပို့ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ရက်နေ့တွင် “ပုသိမ်မြို့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ပုသိမ်ဆေးရုံသို့ ရောက်ရှိလာပြီး လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီးတော ကိုယ်ဝန်က နှစ်ဆယ်ရှစ်ပတ်၊   သွေးပေါင်အရမ်းတက်နေတဲ့ သွေးတိုးက ၁၆၀ ၊ ၁၀၀ရှိတယ်။ မောနေတယ်။  ဖြစ်နိုင်တာ ကိုယ်ဝန် အဆိပ်တက်ရင် အဆုတ်ထဲ ရေတွေဝင်ပြီး ဖြစ်တတ်တယ်။ လိုအပ်တဲ့ဟာတွေစစ်တယ်။  ကိုယ်ဝန်အဆိပ်တက်တဲ့လက္ခဏာ တွေ့ရတယ်၊သံသယရှိလို စစ်ဆေးထားတယ်” ဟု ပုသိမ်ဆေးရုံအုပ်ကြီးက ပြောသည်။

H1N1နှင့် ပတ်သက်ပြီး ပုသိမ်မြို့ဆေးရုံတွင် အသုတ်မြို့မှ  H1N1 လူနာ တက်ရောက်သွားသော အခန်းကို ပိုးသတ်ထားပြီးဖြစ်ကြောင်း သိရသည်။

“သံသယရှိတဲ့လူနာတွေထားဖို့ သီးသန့်ခန်းလုပ်ထားပါတယ်၊ ဆေးရုံမှာ ပိုစတာတွေကပ်ထားပါတယ်။ H1N1နှင့် ပတ်သက်ပြီး ဆေးရုံဝန်ထမ်းတွေကို နှာခေါင်းစည်းဝေဖို့ လုပ်နေပါတယ်”ဟု ပုသိမ်မြို့နယ်ဆေးရုံအုပ်က ပြောသည်။

ပုသိမ်ဆေးရုံတွင် အသုတ်မြို့မှ  လူနာတစ်ဦး H1N1နှင့် ပတ်သက်ပြီး ကုသခံယူပြီး ညတွင်းချင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်လွဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါလူနာမှာ ဆက်လက် ဆေးကုသမှုခံယူလျက်ရှိသည်။

H1N1 အား ဧရာဝတီတိုင်းဒေသကြီး အသုတ်၊ ဖျာပုံ၊ ပုသိမ်နှင့် ညောင်တုန်းမြို့နယ်များတွင် တွေ့ရှိရပြီး ရန်ကုန်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ဖျာပုံမှ တက်ရောက်ကုသသည့် လူနာတစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags