ဧရာဝတီတိုင်းရှိ ကျောင်းများအားလုံးအား ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထား

ဧရာဝတီတိုင်းရှိ ကျောင်းများအားလုံးအား ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထား

ပုသိမ်၊ ဇူလိုင် ၂၇ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ အခြေခံပညာကျောင်းများတွင် H1N1နှင့် ပတ်သက်ပြီး ကလေးများအား ဂရုစိုက်ရန်နှင့် ကျန်းမာရေးဌာနနှင့် ပူးပေါင်ဆောင််ရွက်ရန် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းများအား ထုတ်ပြန်ထားပြီး ဆောင်ရွက်ရန် ညွန်ကြားထားကြောင်း တိုင်းပညာရေးမှူးရုံးမှ  ညွန်ကြားရေးမှူးဦးဝင်းမောင်က မဇ္ဈိမသို့ ဇူလိုင်လ၂၇ ရက်နေ့တွင် ပြောသည်။

"ကျွန်တော်တို့ တိုင်းဒေသကြီးမှာ H1N1 ဖြစ်ပွားနေတာရှိလို့ ကလေးတွေပညာသင်ကြားနေတဲ့ ဒီရောဂါ ပျံနှံကူးစက်မှု မဖြစ်ဖို့အတွက် ကျောင်းတွေမှာ ကျောင်းလာတက်မယ်။ ကလေးတွေထဲမှာ ဖျားနာတဲ့ ကလေးတွေရှိခဲ့ရင် ကျောင်းမတက်ခိုင်းဘဲ အိမ်ကိုပြန်ပြီး မိဘဆီ ပြန်ပို့ခိုင်းဖို့နဲ့ ဒီကလေးတွေအခြေအနေကို အနီးစပ်ဆုံးမှာရှိတဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာန၊ဆေးရုံရှိရင် ဆေးရုံကို ကလေးတွေ အမည်စာရင်းနှင့်တကွ သတင်းပို့ပေးဖို့ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့  ညွန်ကြားချက်ထုတ်ထားပါတယ်”ဟု တိုင်းပညာရေးမှူးရုံးမှ စီမံဌာနညွန်ကြားရေးမှူး ဦးဝင်းမောင်က မဇ္ဈိမသို့ပြောသည်။

ယမန်နေ့ ဇူလိုင်လ၂၆ရက်နေ့တွင် ပုသိမ်မြို့တွင် H1N1 လူနာလေးဦးအား တွေ့ရှိခဲ့ရပြီး  သီးသန့်ထား ကုသနေပြီးနောက်  ယင်းကဲ့သို့ ညွှန်ကြားထားခြင်းဖြစ်သည်။

ပထမဆုံး အသုတ်မြို့မှာ တိုက်နယ်ဆရာဝန်၏ အမျိုးသမီးဖြစ်ပြီး၊ ဒုတိယ ဖျာပုံမြို့နယ်တွင် ဖြစ်ကြောင်း ၊ ပထမဆုံး စဖြစ်တာ ရေကြည်မြို့နယ်ပါ။ ဒုတိယအနေနဲ့ဆို ဖျာပုံမြို့နယ်၊တတိယအနေနဲ့ဆို ပုသိမ်မြို့နယ်ပါ တွေ့ရတဲ့ အနေအထားတွေရှိကြောင်း၊ တိုင်းအတွင်း ကျန်းမာရေး ပညာရေးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ  H1N1နှင့် ပတ်သက်ပြိ်းအသိပညာပေးမှုများပြုလုပ်နေကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောထားသည်။

ကလေးများ ကျန်းမာရေးအတွက် ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးရှိ ကျောင်းများအားလုံးအား ညွှန်ကြားထားကြောင်း သိရသည်။

“ H1N1 ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ကျန်းမာရေးဌာနက ထုတ်ထားတဲ့ လုပ်ငန်းများကို စာနှင့်တကွ ကျောင်းတွေအားလုံး မြို့နယ်တွေကိုညွန်ကြားထားပါတယ်။ မြို့နယ်တွေမှ ကျောင်းတွေကို ကြီးကြပ်ဖို့ရော၊  ကျောင်းတွေမှာ အသိပညာပေးဟောပြောပွဲတွေ ဆောင်ရွက်ပေးဖို့၊ ကလေးတွေ ကျန်းမာရေးအခြေအနေကို စောင့်ရှောက်ပေးဖို့ တစ်တိုင်းလုံးမှာရှိတဲ့ ကျောင်းအားလုံးကို မှာကြားညွန်ကြားထားပြီး ဖြစ်ပါတယ်” ဟု တိုင်းပညာရေးမှူးရုံးမှ စီမံဌာနညွန်ကြားရေးမှူးဦးဝင်းမောင်က ပြောသည်

တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အထူးဂရုစိုက်ဆောင်ရွက်ပေးရန် ညွန်ကြားထားပြီး လိုအပ်သလို ကျန်းမာရေးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးက ညွန်ကြားရေးမှူး ဦးဝင်းမောင်က ပူးပေါင်းဆောင်ရွက်မည်အခြေအနေအား ပြောသည်။

ယနေ့ ဇူလိုင်လ ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ် ညောင်တုန်းမြို့များတွင် H1N1 အသိပညာပေးလက်ကမ်းစာစောင်များ နှာခေါင်းစည်းများ ပြည်သူများပေးဝေခြင်း သိအောင် ပြုလုပ်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags