ပရီးမီးယားလိဂ်တန်းတက် ဘရိုက်တန်အသင်းဟာ ချယ်လ်ဆီးမှ လူငယ်ကစားသမားအီဇီ ဘရောင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
ဘရောင်းဟာ ဘရိုက်တန်ကို အငှားနဲ့ စာချုပ်တဲ့နေ့မှာပဲ ပရီးမီးယားလိဂ်ချန်ပီယံအသင်းနဲ့ ၄ နှစ် စာချုပ်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၀ အရွယ် ရှေ့တန်းကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ရိုတန်ဟန်ယူနိုက်တက်နှင့် ဟက်ဒါဖီးလ်တို့မှာ အငှား သွားရောက်ကစားခဲ့ပြီး ယခုအခါ ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
၂၀၁၃-၁၄ မှာ ပရီးမီးယားလိဂ် ယူ ၂၁ နှင့် အက်ဖ်အေလူငယ်ဖလားတို့ကို ရရှိတဲ့အပြင် ဘရောင်းဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၄-၁၅ မှာ အက်ဖ်အေလူငယ်ဖလား ဆက်လက်ထိန်းသိမ်းရန် ကူညီခဲ့ပြီ အလားတူရာသီမှာပဲ ယူအီးအက်ဖ်အေ လူငယ်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘရောင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်တန်းတက် ဟက်ဒါဖီးလ်အတွက် ပြီးခဲ့တဲ့နှစ်က ၅ ဂိုးသွင်းယူခဲ့ပါတယ်။
Ref; EFE_EPA