စစ်မှုမထမ်းမီ ပြုလုပ်သွားရန်ရှိသော အစီအစဉ်များကို ဂျီချန်ဝတ်ခ်ပြောကြား

စစ်မှုမထမ်းမီ ပြုလုပ်သွားရန်ရှိသော အစီအစဉ်များကို ဂျီချန်ဝတ်ခ်ပြောကြား

မကြာမီအချိန်တွင် စစ်မှုထမ်း တာဝန်ထမ်းဆောင်ရတော့မည့် တောင်ကိုရီးယားမင်းသား ဂျီချန်ဝတ်ခ်သည် သူ၏ဒရာမာဇာတ်လမ်းတွဲ “Suspicious Partner” ထုတ်လွှင့်မှုပြီးစီးပြီးနောက်တွင် ဆက်လက်ပြုလုပ်သွားရန် ရှိသော အစီအစဉ်များကို အင်တာဗျူးတစ်ခု၌ ဖြေကြားခဲ့သည်။

“ Suspicious Partner ဇာတ်လမ်းတွဲက ကျနော့်အတွက် အဓိပ္ပါယ်အများကြီးရှိပါတယ်။ ဒါဟာ ကျနော့်ရဲ့ ပထမဦးဆုံးသော အချစ်ဟာသဇာတ်လမ်းတွဲပါ။ ဒါ့အပြင် ကျနော်စစ်မှုမထမ်းခင်   နောက်ဆုံးပြုလုပ်ထားတဲ့ အနုပညာလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ရိုက်ကူးနေစဉ်အတွင်းမှာလည်း ကျနော်အများကြီး ပျော်ခဲ့ရပါတယ်။ ဒါကြောင့် ရိုက်ကူးရေးပြီးစီးတဲ့အခါမှာလည်း နည်းနည်းတော့ ဝမ်းနည်းရပါတယ်” ဟု သူက ရှင်းပြခဲ့သည်။

ဆက်လက်ပြီး ဂျီချန်ဝတ်ခ်က “ လာမယ့် သြဂုတ် ၁၄ရက်နေ့မှာ ကျနော်စစ်ထဲဝင်မှာပါ။ ကျနော့်တာဝန်ကို အကောင်းမွန်ဆုံး ထမ်းဆောင်ပြီးတဲ့အခါမှာ ကျန်းကျန်းမာမာနဲ့ ကျနော်ပြန်လာနိုင်ဖို့ ကြိုးစားပါမယ်။ ကျနော့် တာဝန်ပြီးတဲ့အခါမှာ ကောင်းမွန်တဲ့အနုပညာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်သွားမှာပါ။ ဒါကြောင့် ကျနော့် ကို တစ်နှစ်နဲ့ ကိုးလတိတိ ခင်ဗျားတို့စောင့်ဆိုင်းနေမယ်ဆိုရင် ဝမ်းသာရမှာပါ” ဟု ပြောဆိုခဲ့သည်။

ဒါ့အပြင် “ ကျနော့်ဆွဲထားတဲ့ အစီအစဉ်အတိုင်း လုပ်စရာရှိတာလုပ်သွားပါမယ်။ ပြီးကျရင် ကျနော့်အတွက် ကိုယ်ပိုင်အချိန်လေးပေးပါမယ်။ သြဂုတ်လ ၁၄ရက်မတိုင်မီအထိ ကျနော့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို အဆင်သင့်ဖြစ် အောင် ပြင်ဆင်ထားပါမယ်။ ပြီးတာနဲ့ ကျနော်စစ်ထဲဝင်ဖို့ စာရင်းပေးပါမယ်” ဟု သူက စစ်ထဲမဝင်မီ လုပ်ဆောင် သွားမည့် အစီအစဉ်များနှင့်ပက်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly