မန်စီးတီးအသင်းဟာ စပါးနှင့် အင်္ဂလန်အသင်းညာနောက်ခံလူ ဝေါ်လ်ကာကို ပြောင်းရွှေ့ကြေး ပေါင် (၅၄)သန်းဖြင့် ခေါ်ယူခဲ့ပြီး ကစားသမားဟာ ဘောလုံးသမိုင်းတစ်လျှေက်မှာ ဈေးအကြီးဆုံး နောက်ခံလူဖြစ်လာပါတယ်။
"မန်စီးတီးနဲ့ လက်မှတ်ထိုးဖို့ ကျနော် စိတ်လှုပ်ရှားမိပြီး မစောင့်စားနိုင်တော့ပါဘူး။"လို့ ဝေါ်လ်ကာက ပြောပါတယ်။ "ဂွာဒီယိုလာဟာ ကမ္ဘာမှာ လေးစားဖွယ်အကောင်းဆုံး မန်နေဂျာတွေထဲက တစ်ဦးဖြစ်ပါတယ်။"
ဝေါ်လ်ကာဟာ ၂၀၀၉ ခုနှစ်က ရှက်ဖီးယူနိုက်တက်မှ စပါးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး ပရီးမီးယားလိဂ် ပွဲပေါင်း (၁၈၃)ပွဲ ကစားခဲ့ပါတယ်။
"ဂွာဒီယိုလာဟာ ကျနော်ကို နောက်ထပ်အဆင့်တစ်ဆင့် တက်လှမ်းနိုင်အောင် ကူညီပေးနိုင်မယ်လို့ ခံစားမိပါတယ်။" အင်္ဂလန်ကစားသမားက ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ဝေါ်လ်ကာကို (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး သူဟာ တစ်ပတ်လစာ ပေါင် (၁၃၀,၀၀၀)အထိရရှိမယ်လို့ သိရပါတယ်။
ဂျာစီကျောနံပါတ် (၂)ကို ဝတ်ဆင်မယ့် အသက် (၂၇)နှစ်အရွယ် ကစားသမားဟာ တနင်္လာနေ့မှာ မန်စီးတီးအသင်းနဲ့အတူ ရာသီကြို ခြေစမ်းပွဲအဖြစ် အမေရိကန်ကို လိုက်ပါသွားမယ်လို့ မျှော်လင့်ရပါတယ်။
Ref; BBC, Daily Mail