ဘာစီလိုနာအသင်းဟာ အဲဗာတန်အသင်းမှ တိုက်စစ်မှူး ဂျရတ် ဒီလိုဖူကို ၂၀၁၉ ခုနှစ်အထိ ပြန်လည် ခေါ်ယူ စာချုပ်ခဲ့ပြီဖြစ်ကြောင်း ကလပ်အသင်းက သောကြာနေ့က ကြေညာခဲ့ပါတယ်။
အဲဗာတန်အသင်းက ဒီလိုဖူကို နှစ်ရှည်စာချုပ် မချုပ်ဆိုမီ သူဟာ ၂၀၁၃ ခုနှစ်က အဆိုပါပရီးမီးယားလိဂ်အသင်းကို အငှားဖြင့် လာရောက်ကစားခဲ့ပြီး ဘာစီလိုနာအသင်းက သူ့ကို ပြန်လည် ဝယ်ယူခွင့်ပါ ထည့်သွင်း စာချုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆီဗီလာနှင့် မီလန်အသင်းတို့မှာလည်း အငှားဖြင့် သွားရောက်ကစားခဲ့ဖူးသူ အသက် ၂၃ နှစ် ကစားသမားဟာ သောကြာနေ့ မနက်ပိုင်းက ဆေးစစ်မှုအောက်မြင်ခဲ့ပြီးနောက် သူဟာ ဘာစီလိုနာနဲ့ စာချုပ်,ချုပ်ဆိုခဲ့ပါတယ်။
(EFE_EPA)