ဂျေရုဆလင်မြို့ဟောင်းတွင် အစွန်းရောက်တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ရာ လူငါးဦး သေဆုံး

ဂျေရုဆလင်မြို့ဟောင်းတွင် အစွန်းရောက်တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်ရာ လူငါးဦး သေဆုံး

ဂျေရုဆလင်၊ ဇူလိုင် ၁၄ ။            ။ ဂျေရုဆလင်မြို့ဟောင်းတွင် ဇူလိုင် ၁၄ ရက်က အစွန်းရောက်တိုက်ခိုက်မှုတစ်ရပ်အား အစ္စရေးလုံခြုံရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ရာတွင် အစ္စရေးအာရပ် သုံးဦးနှင့် ဒေသရဲနှစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဂျေရုဆလင်ရှိ လိုင်းရင်းဂိတ်အနီး တာဝန်ရှိသူများကို လက်နက်ကိုင်သုံးဦးက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့ ပြည်ပပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖဲက ပြောသည်။

"အစွန်းရောက်သုံးဦးက လိုင်းရင်းဂိတ်မှာ ပစ်ခတ်တိုက်ခိုက်တာ ဖြစ်ပါတယ်။ အစွန်းရောက်တွေရဲ့ အပစ်ခံရလို့ ရဲနှစ်ဦး ဆိုးဆိုးဝါးဝါး ဒဏ်ရာရပြီး ဆေးရုံမှာ သေဆုံးတာပါ။"ဟု ၎င်းက ဆိုသည်။

အော်တိုသေနတ်တစ်လက်နှင့် ဓားတစ်လက်တို့ဖြင့် တိုက်ခိုက်သူသုံးဦးက နောက်ထပ် ရဲတစ်ဦးကို ဓားဖြင့် ထိုးခုတ်ရန်ကြံကြစဉ် ပစ်ခတ်သုတ်သင်လိုက်ရခြင်းဖြစ်ကြောင်း မစ်ကီက ပြောခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် တစ်ဦးသော အစွန်းရောက်သည် ထွက်ပြေးနိုင်ကာ အနီးက ဗလီထဲ ဝင်ပြေးသော်လည်း လုံခြုံရေးတပ်ဖွဲ့က ပစ်သတ်လိုက်နိုင်ခြင်း ဖြစ်သည်။

ဒဏ်ရာရသူများအား အနီးရှိ ဆေးရုံသို့ တင်ပို့ထားကြောင်း ကျန်းမာရေးသတင်းရင်းမြစ်များ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly