နှစ်ရ၀ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပေါင်း ရ သောင်း ခင်းကျင်းရောင်းချမည်

နှစ်ရ၀ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပေါင်း ရ သောင်း ခင်းကျင်းရောင်းချမည်

ဇူလိုင် ၁၂ ။                    ။ လာမည့် ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ပြည့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ်  စာအုပ်ပေါင်း ၇သောင်းကို အသက်သာဆုံးဈေးဖြင့် ခင်းကျင်းရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ရောင်းချမည့် စာအုပ်သစ်များကို  အနည်းဆုံး ကျပ် ၂၀၀မှ အများဆုံး ၅၀၀ အထိ သတ်မှတ်ထားကြောင်း သိရပြီး လမ်းမတော်သံဈေးရှိ ရန်ကုန်စာအုပ်ပလာဇာတွင် ရောင်းချသွားမည်ဖြစ်သည်။ 

" အာဇာနည်ခေါင်းဆောင်ကြီးတွေလည်း စာဖတ်ရတာကြိုက်သလို စာဖတ်တာကိုလည်း အားပေးတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း စာအုပ်တွေက ဈေးမြင့်လာတော့ ပြည်သူအများစုက စာအုပ်စာပေနား သိပ်မကပ်နိုင်ကြတော့ဘူး။ ဒါကြောင့် ပြည်သူတွေကို ဈေးသက်သက်သာသာနဲ့ စာအုပ်ဝယ်ဖတ်နိုင်အောင် ဒီပွဲလေး လုပ်ဖြစ်တာပါ။" ဟု   ရန်ကုန်စာအုပ်ပလာဇာ တည်ထောင်သူ ကိုမြေမှုန်လွင်က မဇ္ဈိမကို ပြောသည်။

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့တွင်း မနက် ၉နာရီမှ ညနေ ၇နာရီအထိ ရောင်းချပေးမည့် အဆိုပါစာအုပ်ရောင်းပွဲတွင် ဝတ္ထု ၊ကဗျာ၊ပုံပြင်၊ဘာသာပြန်၊ရုပ်ပြကာတွန်း အစရှိသည့် စာအုပ်အမျိုးအစားများကို ရောင်းချပေးသွားမှာဖြစ်သည်။

စာအုပ်များမှာ လတ်တလောထွက်ရှိထားသည့် စာအုပ်များမဟုတ်သော်ငြား အသစ်စက်စက်များကို ရောင်းချပေးမည်ဖြစ်ကြောင်း ရန်ကုန်စာအုပ်ပလာဇာမှ ကြေညာထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly