စပိန်တွင် နွားရိုင်းလိုက်ပွဲတော် တတိယမြောက်နေ့အဖြစ် ကျင်းပ၊ လူနှစ်ဦး ဒဏ်ရာရ

စပိန်တွင် နွားရိုင်းလိုက်ပွဲတော် တတိယမြောက်နေ့အဖြစ် ကျင်းပ၊ လူနှစ်ဦး ဒဏ်ရာရ

ပမ်ပလိုနာ၊ ဇူလိုင် ၁၀ ။          ။ စပိန်နိုင်ငံ ပမ်ပလိုနာမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နွားရိုင်းလိုက်ပွဲတော် တတိယမြောက်နေ့အဖြစ် ဇူလိုင် ၉ ရက်က ကျင်းပမှုတွင် လူနှစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရသည်။

ယခုနှစ် နွားရိုင်းလိုက်ပွဲတွင် ပါဝင်ဆင်နွှဲသူပေါင်း ရာပေါင်းများစွာ ရှိသည်။ စပိန်နိုင်ငံတွင် San Fermin ဆိုသော နွားရိုင်းလိုက်ပွဲတော်ကို ပမ်ပလိုနာမြို့တွင် နှစ်စဉ် ဇူလိုင် ၇ ရက်မှ ဇူလိုင် ၁၄ ရက်အထိ သီတင်းပတ်တာ ကျင်းပခြင်းဖြစ်သည်။

ပွဲတော်တွင် နွားရိုင်းအုပ် ပုံမှန်အားဖြင့် ခြောက်ကောင်ပါတတ်သော အုပ်စုရှေ့မှ အဖြူအနီဝတ်ထားသော လူများက အလုအယက် ထွက်ပြေးသည့် ပွဲတော်ဖြစ်သည်။ ထိုသို့ နွားရိုင်းအုပ်၏ ဦးချိုဖျားရှေ့က အသက်လုပြေးကြသော ပွဲတွင် ပါဝင်ဆင်နွှဲသူများကို စပိန်အခေါ်အားဖြင့် မိုဇိုဟု ခေါ်ကြသည်။

အလေးချိန် ပေါင် ၁၃၈၀ နီးပါး ရှိသော နွားရိုင်းအုပ်၏ ရှေ့က သတ်မှတ်ထားသော ပြေးလမ်း တာတို မိုင်ဝက်ခန့်ကို နှစ်မိနစ်နှင့် စက္ကန့်အတွင်း အလွတ်ပြေးကြရသည့် ပွဲတော်တစ်ရပ်ဖြစ်သည်။

ယခု ပွဲတော် တတိယမြောက်နေ့တွင် လူနှစ်ဦး ဒဏ်ရာရသော်လည်း အနည်းငယ်မျှသော မပြောပလောက်သည့် ဒဏ်ရာဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly