ပထမဦးဆုံး တရုတ်စူပါဟီးရိုး ရုပ်ပြစာအုပ်ကို Marvel ဖန်တီးရန် ရှိ

ပထမဦးဆုံး တရုတ်စူပါဟီးရိုး ရုပ်ပြစာအုပ်ကို Marvel ဖန်တီးရန် ရှိ
(ဓာတ်ပုံ - အီးပီအေ)

Marvel ကုမ္ပဏီကြီးဟာ တရုတ် စူပါဟီးရိုးရုပ်ပြကို ပထမဆုံး ဖန်တီးရန် တရုတ်ကုမ္ပဏီတစ်ခုနဲ့အတူ တွဲလုပ်မယ်လို့ သိရပါတယ်။

အထင်ကရ စူပါဟီးရိုးတွေဖြစ်တဲ့ Spiderman နှင့် Captain America တို့လို ဇာတ်ကောင်တွေကို ဖန်တီးတဲ့ Disney ပိုင် Marvel ကုမ္ပဏီနှင့် တရုတ်အင်တာနက်ကုမ္ပဏီ NetEase တို့ဟာ ပထမဦးဆုံး တရုတ် စူပါဟီးရိုးဇာတ်ကောင်တစ်ခု ဖန်တီးဖို့ အတူ လုပ်ကိုင်ရန် သဘောတူညီမှု စာချုပ်ကို လက်မှတ်ထိုးခဲ့တယ်လို့ ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

NetEase က 'Guardians of the Galaxy', 'The Amazing Spider-Man' နှင့် 'Captain America' တို့ အပါအဝင် အွန်လိုင်း ရုပ်ပြဇာတ်လမ်း တရားဝင်ကော်ပီ ၁၂ အုပ်ကို တရုတ်နိုင်ငံမှာ ဖြန့်ချိဖို့လည်း Marvel က ခွင့်ပြုခဲ့ပါတယ်။

Marvel ရုပ်ပြများပေါ် အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်လမ်းများဟာ တရုတ်နိုင်ငံမှာ ယွမ် ၈ ဘီလီယံ (ဒေါ်လာ ၁.၁၈ ဘီလီယံ) ကျော်ထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags