ဆန္ဒပြမှုများကြားက ဂျီ ၂၀ ကို ကျင်းပအောင်မြင်စေခဲ့သဖြင့် ထူးကဲသည့် စွမ်းဆောင်ချက်ဟု မာကဲလ်အား ထရမ့် ချီးမွှမ်း

ဆန္ဒပြမှုများကြားက ဂျီ ၂၀ ကို ကျင်းပအောင်မြင်စေခဲ့သဖြင့် ထူးကဲသည့် စွမ်းဆောင်ချက်ဟု မာကဲလ်အား ထရမ့် ချီးမွှမ်း

ဟမ်းဘတ်၊ ဇူလိုင် ၈ ။             ။ ဆန္ဒပြမှုများကြားက ဂျီ ၂၀ အစည်းအဝေးကို အောင်မြင်ပြီးမြောက်အောင် စီမံခန့်ခွဲနိုင်ခဲ့ခြင်းသည် ဂျာမနီဝန်ကြီးချုပ် မာကဲလ်၏ ထူးကဲသော စွမ်းဆောင်ရည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချီးမွှမ်းစကားဆိုခဲ့သည်။

ဂျီ ၂၀ အစည်းအဝေး တက်ရောက်ချိန်တွင် ဆန္ဒပြမှုများကြောင့် ထရမ့်နှင့် ဇနီးဖြစ်သူ မယ်လင်နီယာတို့ နာရီအတန်ကြာ ပိတ်ဆို့မှု ဖြစ်ခဲ့သေးသည်။

မာကဲလ်က ထိပ်သီးအစည်းအဝေးအား လိမ္မာပါးနပ်စွာ အောင်မြင်အောင် စီမံခန့်ခွဲခဲ့ကြောင်း၊ ကြားဖြတ်နှောင့်ယှက်ခံရခြင်း မရှိခဲ့ကြောင်း ထရမ့်က ဆိုသည်။

မာကဲလ်သည် အံ့သြဖွယ်ရာ ထူးကဲပြောင်မြောက်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့တွင် ကျင်းပသော ဂျီ ၂၀ အစည်းအဝေးအား တစ်ဖက်စွန်းကျသော ဆန္ဒပြမှုများသည် ရံဖန်ရံခါ အကြမ်းဖက်မှု အသွင်ကူးပြောင်းခဲ့ပြီး ဒဏ်ရာရသည့် ရဲအရေအတွက်က နှစ်ရာနီးပါး ရှိကာ ဆန္ဒပြသူ ဒါဇင်များစွာကိုလည်း ဖမ်းဆီးထားခဲ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags