ဘုန်းတော်ကြီး ဒလိုင်းလားမား မွေးနေ့အကြိုပွဲအဖြစ် နီပေါတွင် သီဆိုကခုန်မှုများ ပြုလုပ်

ဘုန်းတော်ကြီး ဒလိုင်းလားမား မွေးနေ့အကြိုပွဲအဖြစ် နီပေါတွင် သီဆိုကခုန်မှုများ ပြုလုပ်

ခတ္တမန္ဒူ၊ ဇူလိုင် ၅ ။          ။ တိဗက် ဗုဒ္ဓဘာသာတို့၏ ဦးသျှောင် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ မွေးနေ့အကြိုအဖြစ် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တော်က ဘုန်ကြီးကျောင်းတစ်ကျောင်းတွင် ဇူလိုင် ၄ ရက်၌ လူရာပေါင်းများစွာက အထိမ်းအမှတ်ပွဲ ကျင်းပခဲ့ကြသည်။

ဇူလိုင် ၅ ရက်တွင် သက်တော် ၈၂ နှစ် ပြည့်မြောက်သည့် ဒလိုင်းလားမား၏ မွေးနေ့အကြိုပွဲတွင် ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် တိဗက်လူမျိုးများ အပါအဝင် ထောင်နှင့်ချီသော လူများ ပါဝင်ဆင်နွှဲကြခြင်းဖြစ်ကြောင်း EPA သတင်းဌာနက ဖော်ပြသည်။

တက်ရောက်လာကြသူ အများစုက အရောင်အသွေးစုံ ရိုးရာဝတ်စုံများ ဆင်ယင်ဝတ်စားထားကာ ဖျော်ဖြေသူများက ဧည့်သည်တော်များ ရှေ့မှောက်တွင် တေးသီချင်းများ၊ အကအခုန်များဖြင့် သီဆိုဖျော်ဖြေကြသည်။

ဂီတသမားများက တိဗက်တေးသီချင်းများ သီဆိုစဉ် ကျန်သူတစ်ချို့က ဆုတောင်းပေးခြင်းများ ပြုလုပ်သကဲ့သို့ တိဗက်အစဉ်အလာ လေးစားသမှုကို ဖော်ပြခြင်းအဖြစ် ဒလိုင်းလားမား ပုံပါ ခေါင်းစည်းပုဝါများအား ကမ်းလှမ်းကြသည်။

ပြီးခဲ့သည့်နှစ် ဒလိုင်းလားမား မွေးနေ့ပွဲအား ရဲက ပိတ်ပစ်ခဲ့၍ ယခုပွဲကိုလည်း အာဏာပိုင်များ ပစ်မှတ်ထားလာမည် စိုးရိမ်ခြင်းကြောင့် ပွဲကျင်းပရာ ဘုန်းကြီးကျောင်းအရပ်ကို မဖော်ပြရန် ပွဲတွင် ပါဝင်သူများက သတင်းဌာနကို တောင်းပန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly