ရီးယဲလ်နောက်ခံလူ ပီပီ ဘီဆစ်တပ်အသင်းသို့ ပြောင်းရွှေ့

ရီးယဲလ်နောက်ခံလူ ပီပီ ဘီဆစ်တပ်အသင်းသို့ ပြောင်းရွှေ့
(ဓာတ်ပုံ - ဘီဆစ်တပ်)

ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့ ပေါ်တူဂီ နောက်ခံလူ ပီပီဟာ တူရကီကလပ် ဘီဆစ်တပ်အသင်းဆီအလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဝါရင့်နောက်ခံကစားသမားဟာ စပိန်ကလပ် ရီးယဲလ်ကို ၂၀၀၇ ခုနှစ်မှာ ပေါ်တိုကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ပွဲပေါင်း ၃၅၀ နီးပါး ကစားခဲ့ကာ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်နှင့် ကိုပါဒယ်ရေးဖလား ၂ ကြိမ် ရရှိခဲ့သူဖြစ်ပါတယ်။

PSG အသင်းက ပီပီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အပြောင်းအရွှေ့ဟာ မအောင်မြင်ခဲ့ပါဘူး။

ကစားသမားရဲ့ စာချုပ်အချက်အလက်တွေ မဖော်ပြပေမယ့် သတင်းတွေအရ ဘီဆစ်တပ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၃ နှစ်ဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ယူရို ၃.၂၅ သန်းခန့်ရရှိမယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags