သမ္မတ ထရမ့်အား အပြစ်ပေး အရေးယူရေးအတွက် မြို့ကြီး ၄၈ မြို့တွင် ဆန္ဒပြ

သမ္မတ ထရမ့်အား အပြစ်ပေး အရေးယူရေးအတွက် မြို့ကြီး ၄၈ မြို့တွင် ဆန္ဒပြ

ဝါရှင်တန်၊ ဇူလိုင် ၄ ။            ။ အမေရိကန်နိုင်ငံက မြို့ပေါင်း ၄၆ မြို့တွင် လူထောင်သောင်းများစွာက သမ္မတ ထရမ့် ရာထူး အပြစ်ပေး အရေးယူရေးအတွက် လွှတ်တော်အနေဖြင့်   ဆောင်ရွက်ရန်   တောင်းဆိုပြီး ဆန္ဒပြကြသည်။

လူ့အခွင့်အရေးအဖွဲ့များ နှိုးဆော်သည့် ဇူလိုင် ၂ ရက်က အဆိုပါ ဆန္ဒပြမှုများတွင် သမ္မတ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးပေါ်လစီများ၊ နိုင်ငံခြားနှင့် စီးပွားရေးလုပ်ဆောင်မှုများ၊ ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ရုရှ၏ စွက်ဖက်ခြင်း ရှိနိုင်မှုများနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန့်ကျင်ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြမှုများတွင် လော့စ်အိန်ဂျလိစ်က ဆန္ဒပြပွဲက အကြီးမားဆုံးဖြစ်ပြီး ပါဝင်သူ တစ်သောင်းကျော်ထက်မနည်း ရှိကြောင်း ပွဲစီစဉ်သူများက ဆိုသည်။

နယူးယောက်က ဆန္ဒပြမှုတွင် လူဒါဇင်များစွာ ပါဝင်ပြီး ထရမ့်၏ Trump International Hotel ရှေ့တွင် ဆန္ဒပြကြခြင်းဖြစ်သည်။ ယင်း ဆန္ဒပြပွဲတွင် ထရမ့်အား ထောက်ခံသူများပါ ရောက်ရှိ ထိပ်တိုက်တွေ့သော်လည်း ငြိမ်းငြိမ်းချမ်းချမ်းပင် ပြီးဆုံးခဲ့သည်။

အလားတူ ချီကာဂို၊ နယူးအော်လန်း အပါအဝင် မြို့ကြီးအချို့တွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly