မိုဆူးလ်မြို့ဟောင်းအတွင်းရှိ ဂျီဟတ်အစွန်းရောက် အကြွင်းအကျန်များကို အီရတ်ချေမှုန်း

မိုဆူးလ်မြို့ဟောင်းအတွင်းရှိ ဂျီဟတ်အစွန်းရောက် အကြွင်းအကျန်များကို အီရတ်ချေမှုန်း

ဇူလိုင် ၃ ။                  ။ အီရတ်တပ်ဖွဲ့များသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့အား မိုဆူးလ်မြို့အတွင်းမှ နှင်ထုတ်နိုင်ရန်အတွက် နောက်ဆုံးအဆင့် ထိုးစစ်ဆင်မှုအနေဖြင့် ရာဂဏန်းခန့်သာ ကျန်ရှိတော့သော ဂျီဟတ်အစွန်းရောက်များကို တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့သည်။

အီရတ်တပ်ဖွဲ့များသည် မိုဆူးလ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ဆင်ရေးများကို ၈လကျော်ခန့် ဆင်နွှဲခဲ့ရပြီး IS တို့သည် ကနဦးက မြို့တစ်ခုလုံးကို အပြည့်အဝထိန်းချုပ်ထားနိုင်ရာမှ ယခုအချိန်တွင် မြို့အနောက်ပိုင်းရှိ ရပ်ကွက်အနည်းငယ်ခန့်ကိုသာ ထိန်းချုပ်နိုင်တော့သည်။

“ဂျီဟတ်ဝါဒီတွေရဲ့ အင်အားဟာ ၃၀၀ လောက်ပဲရှိပါတော့တယ်။ သူတို့ထဲကအများစုဟာ ဥရောပနိုင်ငံသား တွေဖြစ်ပြီး အာရပ်နိုင်ငံသားတွေ၊ အာရှဖွားတွေလည်း ပါဝင်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး နာဘီလ်အယ်လ်ဖတ်လာ ဝီ က ပြောခဲ့သည်။

“ကျနော်တို့ တိုက်ပွဲတွေဘယ်အချိန်မှာ အဆုံးသတ်နိုင်မလဲဆိုတာကို တိတိကျကျမပြောနိုင်သေးပါဘူး။ ဘာလို့ လဲဆိုတော့ မြို့ဟောင်းအတွင်းက လမ်းတွေဟာကျဉ်းမြောင်းလွန်းပြီး ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေလည်း ရှိနေတော့ နှောင့်နှေးနေလို့ပါ” ဟု IS များ၏ လူသားဒိုင်းအဖြစ် အသုံးချခြင်းကို ခံနေရသော အရပ်သားများကို ရည်ညွှန်းကာ ဖတ်လာဝီက ပြောဆိုခဲ့သည်။

“ဒါပေမယ့် လာမယ့် ရက်တွေအတွင်းမှာ သူတို့ကိုအမြစ်ဖြုတ်နိုင်မယ်လို့ ကျနော်ပြောနိုင်ပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

အီရတ်တပ်ဖွဲ့များသည် IS များထိန်းချုပ်ရာ မြို့ဟောင်းသို့ နီးနီးကပ်ကပ်ဝန်းရံထားသည်မှာ လနှင့်ချီ၍ ကြာမြင့် နေပြီဖြစ်သော်လည်း လမ်းများကျဉ်းမြောင်းမှု၊ အဆောက်အဦးများ နီးကပ်စွာ တည်ဆောက်ထားမှု နှင့် အရပ်သားအလွန်များပြားနေမှုတို့ကြောင့် ခက်ခက်ခဲခဲ ထိုးစစ်ဆင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags