သြဂုတ် ၅၊ ရောမ ။ ။ စီးရီးအေထိပ်သီးကလပ်ရိုးမားအသင်းသည် မန်စီးတီးအသင်းမှ ဘော့စနီးယားတိုက်စစ်မှူး ဒီဇီကိုကို ပြောင်းရွှေ့ကြေးပေါင် ၁၄ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု ဘီဘီစီသတင်းဌာနက ဖော်ပြသွားခဲ့သည်။
အသက် ၂၉ နှစ်အရွယ်ရှိ ဒီဇီကိုသည် ၂၀၁၁ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် ၂၇ သန်းဖြင့် ဝုဖ်ဘတ်မှ မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီကမှ လေးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားသူ လည်းဖြစ်သည်။
သို့သော် မန်စီးတီးအသင်းသည် လီဗာပူးလ်တောင်ပံကစားသမား စတာလင်ကို ပေါင် ၄၉ သန်းဖြင့် ဝယ်ယူခဲ့ပြီး ဝုဖ်ဘတ်မှ ဒီဘရိုင်းကိုလည်း ထပ်မံဝယ်ယူရန် ကြိုးပမ်းလျက်ရှိရာ ဒီဇီကိုအားရောင်းချ မည်ဖြစ်ကြောင်း နည်းပြပယ်လီဂရီနီက ဝန်ခံထားသည်။
ဒီဇီကိုသည် မန်စီးတီးအသင်း ပရီးမီးယားလိဂ်ဖလားရရှိခဲ့သည့် ၂၀၁၂-၁၃ ခုနှစ်က သွင်းဂိုး ၁၅ ဂိုးအထိသွင်းယူနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီက ၃၂ ပွဲတွင် ခြောက်ဂိုးသာ သွင်းနိုင်ခဲ့သည်။
Ref: BBC