သမ္မတရှီကျင့်ဖျင်၏ ဟောင်ကောင်ခရီးစဉ်တွင် သမိုင်းတွင် စစ်အင်အား ဖြန့်ကြက်

သမ္မတရှီကျင့်ဖျင်၏ ဟောင်ကောင်ခရီးစဉ်တွင် သမိုင်းတွင် စစ်အင်အား ဖြန့်ကြက်

ဟောင်ကောင်၊ ဇွန် ၃၀ ။           ။ ဗြိတိန်လက်အောက်က ဟောင်ကောင်အား တရုတ်ထံ လက်လွှဲသည့် နှစ် ၂၀ ပြည့် အထိမ်းအမှတ်သို့ လာရောက်သော သမ္မတရှီကျင့်ဖျင်၏ ဟောင်ကောင်ခရီးစဉ်တွင် တရုတ်တပ်အင်အား ဖြန့်ကြက်ထားရှိမှုမှာ သမိုင်းတွင် အကြီးမားဆုံးဖြစ်ခဲ့သည်။

တပ်ရင်း ၂၀ နီးပါးမှ တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ နီးပါး ဇွန် ၃၀ ရက် နံနက်က စစ်ရေးပြချီတက်မှုကို သမ္မတရှီကျင့်ဖျင်က ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပြစစ်ရေးပြသမှုတွင် သံချပ်ကာယဉ် ၆၀ ကျော်၊ စစ်ရဟတ်ယာဉ် ၁၂ စင်းနှင့် လေယာဉ်ပစ်ဒုံးတပ်ရင်းတို့ပါ ပါဝင်ကြောင်း ဟောင်ကောင်မီဒီယာများက ဖော်ပြသည်။

ဟောင်ကောင်တွင် ဒီမိုကရေစီနှင့် လွတ်လပ်ရေး လှုပ်ရှားမှုများ ထပ်မံပေါ်ပေါက်နေခြင်းကြောင့် ပိုင်နက်အရေးတွင် ပုံရိပ်မြှင့်တင်နိုင်ရန်အတွက် သမ္မတရှီက ပြည်သူလွတ်မြောက်ရေးမြို့စောင့်တပ်သို့လည်း သွားရောက်လည်ပတ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ပိုင်းရ ဟောင်ကောင်တွင် တရုတ်၏ ခြယ်လှယ်မှုများ ပိုမိုတင်းကြပ်လာမည် စိုးရိမ်မှုများ ကြီးထွားလျက်ရှိစဉ် ယခုကဲ့သို့ သမ္မတရှီကျင့်ဖျင်က ခရီးစဉ်လာရောက်ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly