အမ်ဘတ်ပီကို စိတ်ဝင်စားမှုကျဆင်းသွားပြီး လာကာဇက်တီနှင့် လီမာတို့ကို ခေါ်ယူနိုင်ရန်သာ အာဆင်နယ်ကြိုးပမ်းနေ

အမ်ဘတ်ပီကို စိတ်ဝင်စားမှုကျဆင်းသွားပြီး လာကာဇက်တီနှင့် လီမာတို့ကို ခေါ်ယူနိုင်ရန်သာ အာဆင်နယ်ကြိုးပမ်းနေ

ဇွန် ၃၀၊ အင်္ဂလန် ။             ။ အာဆင်နယ်အသင်းသည် ၎င်းတို့၏နံပါတ်တစ်ပစ်မှတ် ကစားသမား အမ်ဘတ်ပီကို ခေါ်ယူရန် စိတ်ဝင်စားမှု ကျဆင်းသွားပြီး အခြားပစ်မှတ်ကစားသမားများဖြစ်သော လာကာဇက်တီနှင့် လီမာတို့ကို ခေါ်ယူနိုင်ရန်သာ အာရုံစိုက်ကြိုးပမ်းနေကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

အာဆင်နယ်အသင်းနှင့် နည်းပြအာစင်ဝင်းဂါးတို့သည် အသက် ၁၈ နှစ်အရွယ်သာရှိသေးသည့် အမ်ဘတ်ပီကို ခေါ်ယူလိုသော်လည်း အခွင့်အရေးအလွန်နည်းပါးသည်ကို လက်ခံခဲ့ကြသည်။

အမ်ဘတ်ပီကို ရီးယဲလ်၊ ပီအက်စ်ဂျီနှင့်လီဗာပူးလ်အသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်က ရီးယဲလ်သို့ သွားလိုကြောင်းဝန်ခံထားသည်။ မိုနာကိုအသင်းဘက်ကမူ အမ်ဘတ်ပီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ တောင်းဆိုထားသည်။

ယခုအချိန်တွင် အာဆင်နယ်အသင်းမှာ အမ်ဘတ်ပီကို လက်လျှော့လိုက်ပြီး လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီနှင့် မိုနာကို တိုက်စစ်ကစားသမား သောမတ်စ်လီမာတို့ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

လာကာဇက်တီနှင့်လီမာတို့ကို အာဆင်နယ်အသင်းသည် ပထမအကြိမ် ကမ်းလှမ်းမှုများပြုလုပ်ပြီးဖြစ်သော်လည်း လိုင်ယွန်နှင့် မိုနာကိုအသင်းတို့က ပယ်ချခဲ့ကြသည်။ လိုင်ယွန်အသင်းမှာ လာကာဇက်တီအတွက် ယူရို ၆၅ သန်းအလိုရှိနေပြီး မိုနာကိုအသင်းက လီမာအတွက် အနည်းဆုံးယူရိုသန်း ၄၀ အလိုရှိနေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly