လာကာဇက်တီကိုခေါ်ယူနိုင်ရန် အာဆင်နယ်အသင်းဆက်လက်ကြိုးပမ်းနေ

လာကာဇက်တီကိုခေါ်ယူနိုင်ရန် အာဆင်နယ်အသင်းဆက်လက်ကြိုးပမ်းနေ

ဇွန် ၂၉၊ လန်ဒန်။          ။ အသက် ၂၆ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးအတွက် အာဆင်နယ်အသင်း၏ကမ်းလှမ်းမှုကို လိုင်ယွန်အသင်းကပယ်ချခဲ့ သော်လည်း ဆက်လက်ညှိနှိုင်းနေဆဲဖြစ်သည်။

သို့သော် အာဆင်နယ်အသင်းအနေဖြင့် အလားတူကမ်းလှမ်းမှုပယ်ချခံခဲ့ရသည့် အသက် ၂၁ နှစ်အရွယ် မိုနာကိုကွင်းလယ်လူ သောမတ်စ် လီမာကိုမူ ဆက်လက်ကမ်းလှမ်းမည့် အခြေအနေ နည်းပါးနေသည်။

ထို့အတူ အာဆင်နယ်အသင်းမှ အသက် ၂၈ နှစ်အရွယ်ချီလီတိုက်စစ်မှူးလည်း ဆန်းချက်ဇ်အတွက်လည်း အခြားအသင်းများ ထံမှ ကမ်းလှမ်းမှုများ မရှိသေးပေ။

စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့သည့် ဆန်းချက်ဇ်ကို ဈေးမှန်ရပါက အာဆင်နယ်အသင်းရောင်းချဖွယ်ရှိနေသည်။ သို့သော် ဆန်းချက်ဇ်ကို ထွက်ခွာခွင့်ပြုရန် အာဆင်နယ်အသင်း၏ ကစားသမားခေါ်ယူမှုအခြေအနေ၊ ဆန်းချက်ဇ်ကို လိုချင်သည့် အသင်းအနေအထားစသည့်အချက်များစွာအပေါ်မူတည်နေပြီး အခြားအင်္ဂလိပ်အသင်းတစ်သင်းထံသို့ရောက်မသွားစေရန်လည်း အသင်းဘက်က တားဆီးဦးမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly