ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်၌ ငွေကျပ် သန်း ရ၀၀ ကျော်ဖိုး ကူညီထောက်ပံ့ထား

ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်စဉ်၌ ငွေကျပ် သန်း ရ၀၀ ကျော်ဖိုး ကူညီထောက်ပံ့ထား
ကမ္ဘာ့စားနပ်ရိက္ခာများအဖွဲ့(WFP) မှ ရခိုင်ပြည်နယ်သို့ ၂၀၁၇ခုနှစ် ဧပြီလတွင် လှုဒါန်းသော ဆန်များကို တွေ့ရစဉ်။ ဓာတ်ပုံ-EPA

ရန်ကုန်၊ ဇွန် ၂၈ ။            ။ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ကြုံတွေ့ပြီးနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ရာတွင် ငွေကျပ် ၇၃၆ ဒဿမ ၆၂၄ သန်းအထိ ကူညီပေးပြီးဖြစ်ကြောင်း ဇွန် ၂၇ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့အထိ ကူညီစောင့်ရှောက်ပေးမှုအခြေအနေများဖြစ်ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၁၄၀ ဒဿမ ၂၂ သန်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ၁၇၉ ဒဿမ ၆၀၅သန်း ၊ ရခိုင်ပြည်နယ်အစိုးရမှ ၂၇၃ ဒဿမ ၈၉ သန်း၊ ပြည်တွင်းအလှူရှင်များမှ ၁၄၂ ဒဿမ ၉၀၉ သန်း တို့ ကူညီထောက်ပံ့ပေးထားခြင်းဖြစ်သည်။

ယင်းအပြင် ဆန် ၅၀ ကီလို အိတ်ပေါင်း ၂၉၃၈၀ ဒဿမ ၃၁အိတ်ကို လူသားချင်းစာနာထောက်ထားမှုအကူအညီအနေဖြင့် ကူညီပေးထားပြီး ယင်းအထဲတွင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဆန်အိတ်ပေါင်း ၁၂၉၀၁ ဒဿမ ၈၁ အိတ်ဖြင့် အများဆုံး ကူညီပေးထားကာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ၃၃၅၁ အိတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၆၀၀၀ အိတ်၊ ရခိုင်ပြည်နယ်အစိုးရမှ ၄၃၀၀ အိတ်၊ ပြည်တွင်းအလှူရှင်များမှ ၂၈၂၇ ဒဿမ ၅၀ အိတ်တို့ကို ကူညီထောက်ပံ့ပေးခဲ့သည်။

စားသုံးဆီ ပိဿာချိန်ပေါင်း ၂၂၈၂၆ ဒဿမ ၅၉၅ ပိဿာ ကူညီထောက်ပံ့ထားကာ တခြား အမျိုးအမည် စုံလင်သော စားသောက်ကုန်များကိုလည်း ထောက်ပံ့ပေးထားကြောင်း သတင်းထုတ်ပြန်ထားသည်။ ယင်းအပြင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရေဒီယို အလုံး ၃၀၀၀ ကို ကူညီထောက်ပံ့ ပေးထားသည်ကို သတင်းထုတ်ပြန်ချက်တွင် တွေ့မြင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly