အချိန်ကျပြီလို့ ယူဆတဲ့အတွက် ထွက်လာတာပါ "ပန်ဆယ်လို"

အချိန်ကျပြီလို့ ယူဆတဲ့အတွက် ထွက်လာတာပါ "ပန်ဆယ်လို"

အရင်အစိုးရလက်ထပ်မှာ အစိုးရကို ဝေဖန်ထောက်ပြတဲ့စာတွေကို တောက်လျှောက် ရေးသားလာခဲ့တဲ့သူ အဲဒီအရေးအသားတွေကြောင့် လူမှုကွန်ရက်ပေါ်မှာ ပရိသတ် သတိထားမိလာခဲ့တဲ့သူ သူကတော့ ပန်ဆယ်လိုပါ။ ဘာကြောင့် အကြာကြီးနေမှ ပရိသတ်အရှေ့ကို ထွက်ပြလာခဲ့တာလဲ။ ကျွန်မကတော့ ဝေဝေပါ။ အခုဆိုလို့ရှိရင် ပန်ဆယ်လိုနဲ့ တွေ့ဆုံဖို့အတွက် သူရှိမယ့်နေရာကို ရောက်နေပါတယ်။ ကျွန်မရဲ့လက်ထဲမှာတော့ YOPE မေးခွန်း (၅)ခုနဲ့အတူ YOPE Red Chair ရှိနေပါတယ်။

မပန်ဆယ်လို မင်္ဂလာပါ။

ဟုတ်ကဲ့။ မင်္ဂလာပါ။

ညီမတို့ရဲ့ YOPE အစီအစဉ်မှာ အခုလို မေးခွန်းငါးခု မေးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်ရှင့်။

ဖြေခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။

ဟုတ်ကဲ့ပါအစ်မ။ ဒါကတော့ နံပါတ်တစ် မေးခွန်းပါပေါ့နော်။ အစ်မက ဒီ Facebook မှာ Social Network တွေမှာ Popular ဖြစ်နေတာ အရမ်းကြာပြီလေ။ ဒါပေမယ့် အစ်မ အခုမှ ပရိသတ်အရှေ့ကို ထွက်ပြတာ ဘာကြောင့်လဲ။

ဘာကြောင့်လဲဆိုတော့ အချိန်ကျပြီလို့ ထင်လို့ပါအစ်မ။ အချိန်ကျပြီ။ ဒီလိုမျိုး နေရတဲ့နေရာကိုလည်း မနေချင်တော့ဘူး ။ ဒါကလည်း အဖြေမဟုတ်ဘူးလို့ ယူဆတယ်။ အခုက အချိန်ကျပြီလို့ ယူဆတဲ့အတွက် ထွက်လာခဲ့တာပါ။ အရမ်းကြီး အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။

နံပါတ်နှစ်မေးခွန်းကတော့ အစ်မလို ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးတွေကို ယောကျ်ားလေးတစ်ယာက် ချဉ်းကပ်ဖို့က မလွယ်ကူလောက်ဘူးလေ ။ ဒါပေမယ့် အစ်မအချစ်ကို ပိုင်ဆိုင်ထားတဲ့ အစ်ကိုရဲ့ အရည်အချင်းတွေ ပြီးတော့ အစ်မ သူ့ဆီက အထင်ကြီးလေးစားရတဲ့ အချက်တွေက ဘာတွေများဖြစ်မလဲ။

စဉ်းစားမထားတဲ့ မေးခွန်းပဲ။ ဘယ်လိုပြောရမလဲ အဲဒါကတော့ ညီမတို့က အခုမှစပြီး ချစ်သူတွေဖြစ်ကြတဲ့သူတွေ မဟုတ်ဘူး။ ပန်ဆယ်လိုမဖြစ်ခင်ကတည်းက ချစ်သူတွေဖြစ်ကြတဲ့လူတွေ ဖြစ်တဲ့အတွက် အဲဒီမေးခွန်းကတော့ အထူးအထွေကြီး မဟုတ်ဘူးလို့တော့ ထင်ပါတယ်။ အထင်ကြီး လေးစားရတဲ့ အချက်တွေတော့ ရှိပါတယ်။ ချစ်သူဆိုတာကလည်း ကိုယ့်ကို အထင်ကြီးလေးစားမှ ချစ်လို့ရတာကို။ ကိုယ့်ကို ပြုပြင်နိုင်တယ် ထင်ရာဆိုင်းတက်တဲ့ လူတစ်ယောက်ကို ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်အဖြစ် အရမ်းလည်း လေးစားပါတယ်။ အရမ်းလည်း တန်ဖိုးထားပါတယ်။

ဟုတ်ကဲ့ပါ။ ဒါကတော့ နံပါတ်သုံး မေးခွန်းပါ။ ဒီ မြန်မာနိုင်ငံမှာ Gender နဲ့ ပတ်သက်ပြီးတော့ Gender ခွဲခြားဖိနှိပ်မှု တွေ ရှိနေသေးတယ်လို့ထင်လား။ အစ်မ ဘယ်လိုမြင်လဲ။

အဲဒါကတော့ သေချာပါတယ်။ ရှိနေပါတယ်။ အားလုံးက ပြောင်းလဲချိန်တန်ပြီဆိုတာ ယောကျ်ားရော မိန်းမရော မဟုတ်ပါဘူး ကိုယ့်ကိုကိုယ် ကိုယ့်စိတ်ကို ပြောင်းလဲမှ ရမှာပါ။ မိန်းမတစ်ယောက်က မိန်းမဖြစ်လာလို့ ငါတို့က နိမ့်ကျတယ်လို့ မြင်နေရင် မြင်နေတဲ့စိတ်ကို ပြောင်းလဲဖို့လိုတယ်။ အဲဒါကြောင့်ပါ မိန်းမတွေ ရှေ့ရောက်တဲ့ လူ့ဘောင်သစ်တစ်ခုကို မိန်းမတွေကိုယ်တိုင်က စတင်ပြောင်းလဲမှ ရမှာပါရှင့်။

ဟုတ်ကဲ့ပါအစ်မ ဒါကတော့ နံပါတ်လေး မေးခွန်းပါ။ ဒီလိုမျိုး မြန်မာအမျိုးသမီး အများစုပေါ့နော် အများစုနဲ့ မတူဘဲနဲ့ ဒီလို အရင်အစိုးရတုန်းက ဝေဖန်ရဲတဲ့ သတ္တိတွေ ခွန်အားတွေ ဘယ်လိုအရာတွေက အစ်မကို သတ္တိတွေ ဖြစ်စေခဲ့တာလဲ။

အဓိကကတော့ မခံချင်စိတ်လို့ ပြောလို့ရမှာပေါ့နော်။ ငယ်ငယ်ကတည်းက မတရားပြောနေတာ မတရားလုပ်နေတာတွေကို ကြိုက်လေ့ကြိုက်ထ မရှိဘူး။ အဲဒီအခါမှာ ကိစ္စတစ်ခုက မတရားဘူးလို့ ယူဆတဲ့အတွက် ပြီးတော့ Freedom of Expression ပေါ့။ အဲဒါကို လိုလားတဲ့အတွက် အဲဒါမျိုး ပြောဖြစ်တာပါ။ ကိုယ့်စိတ်ထဲမှာ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လက်မခံချင်တဲ့အတွက် မခံချင်ရင် မခံချင်တဲ့အကြောင်း အဲ့ဒါကို ပြောချင်တာပါရှင့်။

ဟုတ်ကဲ့ပါ အစ်မ အရင်ကဆိုရင် အစ်မက အရင်အစိုးရလက်ထက်ပေါ့နော် အဲ့ဒီတုန်းကဆိုရင် အစ်မ အစိုးရကို ဝေဖန်တယ် ထောက်ပြတယ် ။ အမှားတွေကို ပြုပြင်ဖို့အတွက် ပြောပြတယ်။ ဒါပေမယ့် ဒီဘက် အစိုးရသစ် ရောက်တဲ့အချိန်မှာ အစ်မရဲ့ ဝေဖန်မှုတွေက လျော့နည်းသွားတယ်။ ဥပမာ ခွန်အားမပါတော့ဘူးဆိုပြီး ပရိသတ်အများစုက ဝေဖန်တယ်ပေါ့နော်။ အဲဒီအပေါ်မှာ အစ်မ သူတို့ကို ဘယ်လို တုံ့ပြန်ချင်တာမျိုး ရှိမလဲ။

မတုံ့ပြန်ချင်ပါဘူး။ တုံ့ပြန်ချင်တယ်ဆိုတာထက် ပြောချင်တာက မတူတော့ဘူးပေါ့နော် မတူတော့ဘူး မထမ အရင်အစိုးရလက်ထက်နဲ့ အခု အစိုးရလက်ထက်နဲ့က ဘယ်ကစ မတူတာလည်းဆိုတော့ အစိုးရကစ မတူတော့တာ မတူတော့တာ ဖြစ်တဲ့အတွက် တစ်နှစ်သားအစိုးရကို တစ်နှစ်သားနဲ့တန်တဲ့ ဝေဖန်မှုမျိုးကိုတော့ ကျွန်မ ပြုလုပ်ပါတယ်။ ဝေဖန်စရာရှိတဲ့ကိစ္စကို ဝေဖန်တယ်။ ဒါပေမယ့် တစ်နှစ်သားအစိုးရကို နှစ် ၆၀ လောက် အစိုးရနဲ့တော့ ယှဉ်ပြီးတော့ မဝေဖန်ဘူးပေါ့။ လိုအပ်ချက်တေါ လွဲနေတယ်လို့ ကိုယ့်စိတ်ထဲမှာ ယူဆတဲ့အခါမျိုးတွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ပါတယ်။ ကျွန်မက တစ်ဖက်ပိတ်တော့ မဖြစ်ချင်ဘူး။ မဖြစ်ချင်တဲ့အတွက်လည်း အဲ့လို ဝေဖန်တဲ့အခါမျိုးကျတော့ ကိုယ်နဲ့ဘက်တူူတဲ့သူတွေဖက်ကပဲ ပြန်ဝေဖန်တာမျိုးတွေ ခံရပါတယ်။ တစ်ချို့ကလည်း ကိုယ်က အရမ်းဘက်လိုက်ပြီး ဝေဖန်တယ်ပေါ့။ အဲလိုမျိုး ပြောတာလေးတွေလည်း ခံရပါတယ်။

ဟုတ်ကဲ့ပါ။ အခုလို YOPE မှာ မေးခွန်း ၅ ခု ဖြေပေးတဲ့အတွက် အစ်မကို ကျေးဇူးအများကြီး တင်ပါတယ်။

ဖြေခွင့်ရတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly