အလွန်အကျွံဝိတ်ချခြင်း၏ ဆိုးကျိုးကို Apink အဖွဲ့မှ ယွန်းဘိုမီနှင့် ဂျောင်အွန်ဂျီတို့ ဆွေးနွေးပြောကြား

အလွန်အကျွံဝိတ်ချခြင်း၏ ဆိုးကျိုးကို Apink အဖွဲ့မှ ယွန်းဘိုမီနှင့် ဂျောင်အွန်ဂျီတို့ ဆွေးနွေးပြောကြား

KBS ရုပ်သံလိုင်းမှ ဇွန် ၁၉ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သော “Hello Counselor” အစီအစဉ်တွင် Apink ဂီတအဖွဲ့ မှ ယွန်းဘိုမီနှင့် ဂျောင်အွန်ဂျီတို့က သူတို့ကြုံတွေ့ခဲ့ရဖူးသော အလွန်အကျွံဝိတ်ချခြင်းနှင့် အစားရှောင်ခြင်း၏ ဆိုးကျိုးနှင့်ပက်သက်၍  ဆွေးနွေးပြောကြားခဲ့ကြသည်။

ဘိုမီက “ကျမ ၈ ကီလိုကနေ ၉ ကီလိုလောက် အချိန်တိုတိုအတွင်း ကျသွားခဲ့ပြီး သုံးလအတွင်းမှာပဲ ဝိတ်ပြန် တက်အောင် ကြိုးစားခဲ့ရပါတယ်။ ကျမရဲ့ ကိုယ်ခံအား အရမ်းကိုနည်းသွားခဲ့ပြီး ဓာတ်မတည့်တာကြောင့် အရေပြား ယားယံတဲ့အထိဖြစ်ခဲ့ရပါတယ်” ဟု သူမ၏ အတွေ့အကြုံကို ဖွင့်ဟခဲ့သည်။

ဒါ့အပြင် ဂျောင်အွန်ဂျီကလည်း “ အလွန်အကျွံအစားရှောင်တာက ကိုယ်အလေးချိန်ကို တက်လိုက်ကျလိုက် ဖြစ်ပေါ်စေပါတယ်။ ဘာလို့လဲဆိုတော့ အစာနည်းနည်း စားလိုက်တဲ့အချိန်တိုင်း အဆီတွေစုလာမိလို့ပါ” ဟု ဖြည့်စွက်ပြော ကြားခဲ့သည်။

“အစားရှောင်ခြင်းကြောင့် ကျမရဲ့ ကျန်းမာရေးကို ထိခိုက်ဖူးပါတယ်။ ကိုယ်ခံအားကျဆင်းမှုကြောင့် တစ်ခါမှ မဖြစ်ဖူးတဲ့ ရောဂါတွေ ကျမခံစားခဲ့ရပါတယ်။ နားစည်ထဲကို ပိုးဝင်တဲ့အရှိန်ကြောင့် လည်ပင်းယောင်တဲ့ ဝေဒနာ လည်း ခံစားခဲ့ရပါတယ်။ အဲ့ဒါကြောင့် ကျမသီချင်းဆိုလို့တောင် မရခဲ့ပါဘူး။ အလွန်အကျွံဝိတ်လျှော့ပြီး အစား ရှောင်တာဟာ ကောင်းမွန်တဲ့စိတ်ကူးမဟုတ်ပါဘူး” ဟု ဂျောင်အွန်ဂျီက ဆွေးနွေးပြောကြားခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly