ဗင်နီဇွဲလားရှိ အတိုက်အခံများ၏ ဆန္ဒပြပွဲအတွင်း တစ်ဦးသေဆုံးပြီး ၄၈ဦးဒဏ်ရာရရှိ

ဗင်နီဇွဲလားရှိ အတိုက်အခံများ၏ ဆန္ဒပြပွဲအတွင်း တစ်ဦးသေဆုံးပြီး ၄၈ဦးဒဏ်ရာရရှိ

ကာရာကတ်စ်၊ ဇွန် ၂၀ ။          ။ ဗင်နီဇွဲလားနိုင်ငံရှိ အတိုက်အခံများသည် ကာရာကတ်စ်မြို့လယ်ခေါင်ရှိ နိုင်ငံတော်ရွေးကောက်ပွဲကောင်စီ ဌာနချုပ်သို့ ရောက်ရှိအောင် တနင်္လာနေ့က ချီတက်ဆန္ဒပြရာတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အချင်းများခဲ့သော ကြောင့် အနည်းဆုံးတစ်ဦးသေဆုံးခဲ့ပြီး ၄၈ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ကာရာကတ်စ်မြို့ အရှေ့ဘက်ခြမ်းမှ ချာကာအိုမြို့နယ်ရှိ ဆန္ဒပြပွဲအတွင်း အသက် ၁၇အရွယ်ရှိ ယောင်္ကျား လေးတစ်ဦး သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ကြောင်း ရှေ့ချုပ်ရုံးမှ ၎င်းတို့၏ တွစ်တာမှတဆင့် ကြေညာခဲ့ သည်။

အတိုက်အခံအဖွဲ့ဝင်တစ်ဦးဖြစ်သူ ချာကာအိုမြို့တော်ဝန် ရာမွန်မူချာချိုက ဆယ်ကျော်သက်တစ်ဦး သေဆုံးသွား သည့် သတင်းကိုအတည်ပြုခဲ့ပြီး ကျန်ရစ်သူမိသားစု၊ မိတ်ဆွေများနှင့်အတူ ထပ်တူခံစားရကြောင်း ပြောခဲ့သည်။

အတိုက်အခံခေါင်းဆောင်တချို့က ဘိုလစ်ဗီးယားနိုင်ငံတော်တပ်ဖွဲ့ (GNB) သည် အဆိုပါဆယ်ကျော်သက်လေး သေဆုံးမှုတွင် တာဝန်ရှိကြောင်း ပြောဆိုစွပ်စွဲခဲ့သည်။

တစ်ချိန်တည်းတွင် ဆာလတ်ချာကာအိုဆေးရုံမှ ဒါရိုက်တာအင်းနရစ်မွန့်ဘရန်က ဒဏ်ရာရရှိခဲ့သူ ၄၈ဦးသည် ခဲသေနတ်နှင့် မျက်ရည်ယိုဗုံးများကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ရေနံထုတ်လုပ်သော ဗင်နီဇွဲလားနိုင်ငံအတွင်း နစ်ကိုးလပ်စ်မာဒူယို အစိုးရအဖွဲ့အား ဆန့်ကျင်သည့် ပြင်းထန် သော ဆန္ဒပြပွဲများကြောင့် မတည်မငြိမ်ဖြစ်လျက် ရှိနေပြီး တနင်္လာနေ့က ကွယ်လွန်သွားခဲ့သော ဆယ်ကျော် သက်လေးတစ်ဦးအပါအဝင် စုစုပေါင်း သေဆုံးသူ ၇၅ဦးခန့် ရှိလာခဲ့ပြီး လူတစ်ထောင်ကျော်ခန့် ဒဏ်ရာရရှိခဲ့ ကြောင်း ရှေ့နေချုပ်ရုံး၏ အဆိုအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags