ပြန်လွတ်လာသည့် ကျောင်းသား သေဆုံး၍ မြောက်ကိုရီးယားကို လူမဆန်သော အစိုးရဟု ဒေါ်နယ်ထရမ့် ရှုတ်ချ

ပြန်လွတ်လာသည့် ကျောင်းသား သေဆုံး၍ မြောက်ကိုရီးယားကို လူမဆန်သော အစိုးရဟု ဒေါ်နယ်ထရမ့် ရှုတ်ချ

ဝါရှင်တန်၊ ဇွန် ၂၀ ။        ။ မြောက်ကိုရီးယားနိုင်ငံက ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သော အသက် ၂၂ နှစ်ရှိ အမေရိကန်ကျောင်းသားသည် ကိုမာဖြစ်ပွားရာမှ သေဆုံးသွားခဲ့ရာ အမေရိကန်သမ္မတ   ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားအစိုးရသည် လူမဆန်သော အစိုးရဖြစ်သည်ဟု ဇွန် ၁၉ ရက်က ပြစ်တင်ရှုတ်ချလိုက်သည်။

အော့တိုဝမ်ဘီးယား သေဆုံးကြောင်း လူသိရှင်ကြား ကြေညာပြီးနောက် ပြုံယမ်းကို ယခုကဲ့သို့ ထရမ့်က ပြောဆိုပြစ်တင်လိုက်ခြင်းဖြစ်သည်။

“မြောက်ကိုရီးယားက တကယ်လူမဆန်တဲ့ အစိုးရပါပဲ။ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရပေမယ့် ဝမ်ဘီးယားကို သူမိဘတွေဆီတော့ ကျွန်တော်တို့ ပြန်အပ်နိုင်ပါတယ်လေ။”ဟု အိမ်ဖြူတော်တွင် ပြုလုပ်သော မိန့်ခွန်းပြောဆိုမှု၌ ထရမ့်က ဆိုသည်။

သီးခြားထုတ်ပြန်ချက်တစ်ရပ်တွင် ထရမ့်က သေဆုံးသူကျောင်းသား၏ မိသားစုများထံ အချိန်မတိုင်ခင် ကွယ်လွန်ခဲ့ရခြင်းအတွက် အလွန်ဝမ်းနည်းကြောင်း ပေးပို့ခဲ့သည်။

အော့တိုသည် မြောက်ကိုရီးယားနိုင်ငံအတွင်း ၂၀၁၆ ခုနှစ် မတ်လက ဟိုတယ်တစ်ခု၌ ကပ်ထားသည့် နိုင်ငံရေးကြေညာစာတမ်းတစ်ခုအား ဖြုတ်ချပစ်ခဲ့ခြင်းအတွက် ဖမ်းဆီးပြစ်ဒဏ်ခံရပြီး အချိန်တိုအတွင်း ကိုမာဆန်သော ရောဂါမျိုး ခံစားရနေရကာ ပြန်လည်လွတ်လာခဲ့ခြင်းသည်။

အော့တိုမှာ လူက နိုးထနေသော်လည်း တုံ့ပြန်မှု အလျဉ်းမရှိသော အခြေအနေမျိုး ဖြစ်နေခဲ့သည်ဟု ၎င်းကို ကုသပေးစဉ်က အာရုံကြောပါရဂူများ ပြောပြီး မည်သည့်အတွက်ကြောင့် ယင်းသို့ ဦးနှောက်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့သည်ကို မသိရှိရဟု ၎င်းတို့က ဆိုထားခဲ့ကြသည်။

မြောက်ကိုရီးယားဖက်က ရှင်းလင်းချက်ပေးထားသလို Botulism အဆိပ်သင့်ဝေဒနာတစ်မျိုး ခံစားနေရခြင်း ဖြစ်သည်ဆိုခြင်းအတွက် သက်သေရှာမတွေ့ကြောင်းလည်း အော့တိုအား ကုသပေးနေသည့် ဆေးပညာရှင်အဖွဲ့က ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags