မန္တလေး၊ ဇွန် ၁၉ ။ ။ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အသစ်ဖွင့်ပွဲကို ဇူလိုင်လ ၇ ရက်တွင် ပြုလုပ်သွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကပြောသည်။
"ဖွင့်ပွဲလုပ်ဖို့စီစဉ်နေတယ်။ အခုကတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ရာခိုင်နှုန်းအပြည့်နီးပါးပြီးနေပါပြီ။"ဟု ဦးအောင်ကျော်ဦးကပြောသည်။
ဇွန်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်အား ၎င်းလွှတ်တော်အသစ်တွင် စတင်ကျင်းပပြုလုပ်သွားမည်ဟု ၎င်းကဆိုသည်။
အဆိုပါလွှတ်တော်သစ်ကို ၂၀၁၆ခုနှစ်မှစတင်၍ မန္တလေးမြို့၊ မန္တလေးတောင်ခြေအနီးတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။