ဇွန် ၁၈၊ အင်္ဂလန် ။ ။ စပါးနည်းပြ ပိုချက်တီနိုသည် မန်ယူယူနောက်ခံကစားသမား စမောလင်းကို ခေါ်ယူရန် အလိုရှိနေကြောင်း ဗြိတိန်သတင်းစာ များက ဖော်ပြလျက်ရှိနေကြသည်။
မန်ယူအသင်းသို့ ဘင်ဖီကာနောက်ခံကစားသမား လင်ဒီလော့ဖ်ရောက်ရှိလာခြင်းကြောင့် အင်္ဂလန်လက်ရွေးစင်နောက်ခံ ကစားသမားကို မန်ယူက လက်လွှတ်ဖွယ်ရှိနေသည်။ စမောလင်းကို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားလျက်ရှိနေသောကြောင့် စပါးနှင့်အာဆင်နယ်တို့ အပြိုင်ခေါ်ရဖွယ် ရှိနေသည်။
စပါးအသင်းတွင် အယ်ဒါဝီရက်နှင့် ဗာတွန်ဂန်တို့ အမာခံရှိနေသော်လည်း လာမည့်ရာသီသစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည့်ဖြစ်သည့်အတွက် စပါးအသင်းက စမောလင်းကို ခေါ်ယူလိုလျက်ရှိသည်။
စပါးနည်းပြပိုချက်တီနို သဘောကျသည့် ဟားလ်စီးတီးနောက်ခံကစားသမား မာဂူရီကိုလည်း လက်စတာအသင်းက ခေါ်ယူသွားသောကြောင့် စမောလင်းကို ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။
အသက် ၂၇ နှစ်အရွယ်ရှိ စမောလင်းကို အဲဗာတန်အသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ကလည်း ခေါ်ယူလိုနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ရည်ညွှန်း ဒေးလီးေးမလ်