မန္တလေးတိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုနှုန်း ငါးနှစ်တာအတွင်း အမြင့်ဆုံးဖြစ်

မန္တလေးတိုင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုနှုန်း ငါးနှစ်တာအတွင်း အမြင့်ဆုံးဖြစ်

မန္တလေး၊ ဇွန် ၁၇ ။                ။ ၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်မှုနှုန်းသည် ငါးနှစ်တာ ကာလအတွင်း အောင်ချက်အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန (၁၈၀)ခု၌ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉၉၈၄၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၄၀၁၅၄ ဦး အောင်မြင်ခဲ့ပြီး ၄၀ ဒသမ ၂၂ ရာခိုင်နှုန်း ရှိခဲ့သည်။

၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက် သည် ၃၅ ဒသမ ၅၀ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်သည် ၄၀ ဒသမ ၂၂ ရာခိုင်နှုန်း ရှိရာ ယခုနှစ်အောင်ချက်သည် ယခင်နှစ်ထက် အောင်ချက် ရာခိုင်နှုန်း မြှင့်တက်ခဲ့ကာ ငါးနှစ်တာ ကာလအတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အောင်ချက်ရာခိုင်နှုန်း မှတ်တမ်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဂုဏ်ထူးရ ကျောင်းသားကျောင်းသူ အရေအတွက်မှာ ခြောက်ဘာသာဂုဏ်ထူးရှင် (၂၃၈)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၅၂၄)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၉၂၂)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၁၀၄၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၃၄၉)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄၄၆၇)ဦး စုစုပေါင်း ဂုဏ်ထူးရအရေအတွက် (၈၅၄၄)ဦး အထိ ရှိခဲ့သည်။

ဂုဏ်ထူးရ ဘာသာအရေးအတွက်မှာ မြန်မာစာဂုဏ်ထူးရှင် (၇၂၉)ဦး၊ အင်္ဂလိပ်စာ(၈၃၁)ဦး၊ သချာၤ(၂၅၃၅)ဦး၊ ဓာတုဗေဒ (၄၀၁၁)ဦး၊ ရူပဗေဒ (၃၄၈၈)ဦး၊ ဇီဝဗေဒ (၃၆၂၄)ဦး၊ သမိုင်း(၄၆)ဦး၊ ပထဝီ(၉၈)ဦး၊ ဘောဂဗေဒ (၂၆၇၁)ဦး စုစုပေါင်း (၁၈၀၃၃)ဦး ရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required